တရုတ်လူမျိုးပိုင် K-Won အထည်ချုပ်မှာ လစာတိုးဖို့ တောင်းဆို


2017.11.17
k-won-factory-workers-622 ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းက တရုတ်လူမျိုးပိုင် K-Won အထည်ချုပ်စက်ရုံမှာ နှစ်ရှည်အလုပ်သမားတွေ လုပ်သက်လစာတိုးပေးတဲ့စနစ်ပြန်ထားဖို့ နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုနေကြစဉ်
.

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းက တရုတ်လူမျိုးပိုင် K-Won အထည်ချုပ်စက်ရုံမှာ နှစ်ရှည် အလုပ်သမားတွေက လုပ်သက်လစာတိုးပေးတဲ့စနစ်ပြန်ထားဖို့ တောင်းဆိုနေကြပါတယ်။

လုပ်သက်ဘယ်လောက်ရှိသူဖြစ်ဖြစ် သူတို့အားလုံးကို အစိုးရသတ်မှတ်ထားတဲ့ အနိမ့်ဆုံး တနေ့ လုပ်ခလစာ ၃၆၀၀ ကျပ်ပဲပေးနေတဲ့အတွက် အလုပ်မဆင်းပဲ တောင်းဆိုနေတာလို့ နှစ်ရှည်လုပ်သား တစ်ဦးဖြစ်တဲ့ ကိုအောင်အောင်က ပြောပါတယ်။

"လစာနည်းလို့ပေါ့နော်၊ လစာနည်းလို့ဆိုတာက သူရဲ့ပြဌာန်းထားတဲ့ လစာအတိုင်းတော့ပေးတယ် ဒါပေမဲ့ လုပ်သက်ကြီးတဲ့လူတွေအတွက်ကျတော့ လုပ်သက်ကြေးဆိုပြီးတော့ မရှိဘူး၊ လုပ်သက်ကြေးပေးဖို့ နှစ်အလိုက်ပေါ့နော် နှစ်အလိုက် သတ်မှတ်ပြီးတော့ပေးဖို့ တောင်းဆိုတယ်"

အဲဒီစက်ရုံကို ၁၉၉၉ ခုနှစ်လောက်မှာ အစိုးရဆီကနေ ကိုရီးယားလုပ်ငန်းရှင်က နှစ်အစိပ်စာချုပ်နဲ့ငှား ပြီးလုပ်နေရာ က၊ လွန်ခဲ့တဲ့တစ်နှစ်ကျော်မှာတော့ လက်ရှိလုပ်ငန်းရှင် တရုတ်လူမျိုးကို စီးပွားဖက်လို ပုံသဏ္ဍန်မျိုးနဲ့ ကိုရီးယား လုပ်ငန်းရှင်က ပြန်ငှားလိုက်တာလို့ သိရပါတယ်။

စက်ရုံမှာအလုပ်သမား ၉ ရာကျော်လောက်ရှိတယ်လို့ ဆိုပါတယ်၊၊ အဲဒီထဲမှာ လုပ်သက် ၃ လ အထက်ရှိတဲ့သူ ၈ ရာကျော်က လစာကိစ္စ တောင်းဆိုနေကြတယ်လို့ ပြောပါတယ်။

K-Won စက်ရုံမှာ နာမည်ကြီးအမှတ်တံဆိပ်ဖြစ်တဲ့ H&M လို အဝတ်အထည်တွေ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။