ရခိုင်ပြည်နယ်က ကမန် တိုင်းရင်းသားတွေ နေထိုင်ဖို့နေ ရာတောင်းဆို


2017.04.26
kaman-press-620.jpg ရခိုင်ပြည်နယ်က ကမန်တိုင်းရင်းသားတွေနေထိုင်ဖို့ နေရာတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဧပြီလ ၂၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
Photo: RFA

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ဒေသခံ ကမန်တိုင်ရင်းသားတွေဟာ ဘိုးဘွားပိုင် မူလပိုင်မြေနေရာမှာ ပြန်လည်နေ ထိုင်ခွင့်ရရှိရေးနဲ့ ကမန်တိုင်းရင်းသားတွေကို ရန်ကုန်မြို့မှာ နေထိုင်နိုင်အောင် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ကမန်တိုင်းရင်းသားတွေအနေနဲ့ ၂၀၁၂ ခုနှစ်တည်းက မူလပိုင်မြေနေရာကို စွန့်လွှတ်ခဲ့ရတဲ့အတွက် ပြန်လည်နေ ထိုင်ခွင့်ရရှိရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ယက် ဥက္ကဋ္ဌ ဦးထွန်းဝေ က ပြောပါတယ်။

"မူလနေရာကို ပြန်လည်ထူထောင်ရေး ကျနော်တို့ ဆောင်းဆိုတယ်၊ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ လူဦးရေ ၄ဝဝ ကျော်ခန့်ရှိတဲ့ ကမာန်တိုင်းရင်းသားတွေကို ရန်ကန်မြို့မှာ သင့်တော်သလို နေရာထိုင်ခင်းတစ်ခုခု စီစဉ်ဆောင် ရွက်ပေးဖို့ ဆောင်းဆိုပါတယ်"

ကမန်တိုင်းရင်းသားတွေဟာ မူလပိုင်မြေနေရာပြန်လည် နေထိုင်ခွင့်ရရှိရေးနဲ့ ကမန်တိုင်းရင်းသားတွေကို ရန်ကုန် မြို့မှာ နေထိုင်နိုင်အောင် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ ကြေညာချက်ကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာဌာနတွေကို ပေးပို့သွားမယ်လို့ ပြောပါတယ်။

တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ကမန်တိုင်းရင်းသားတွေအပြင် ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန်တိုင်းရင်းသား လူမှုကွန်ယက် အဖွဲ့အစည်း၊ ရခိုင်လူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။