ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား


2017.12.18
dassk-karen-new-year-622.jpg ကရင်နှစ် ၂၇၅၇ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Win Ko Ko Latt/ RFA

ကရင်အမျိုးသားတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သတ္တိရှိရှိ ရဲရဲရင့်ရင့်နဲ့ လျှောက်လှမ်းနေတာကို ဝမ်းမြောက်ဂုဏ်ယူကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်စင်တာ ၂ မှာ ကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမှာ ပြောကြားတာဖြစ်ပါတယ်။

"ဒီနေ့ ဒီအချိန်အခါမှာ ကရင်တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သတ္တိရှိရှိ ရဲရဲရင့်ရင့်နဲ့ ပူးပေါင်းပါဝင်လျှောက်လှမ်းနိုင်တာကို ဝမ်းမြှောက်ဂုဏ်ယူစွာ တွေ့မြင်ကြရ မှာဖြစ်တယ်၊ အဲဒီအတွက်လည်း ကရင်ခေါင်းဆောင်ကြီးများ၊ ကရင်တိုင်းရင်းသားများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များအားလုံးကို ပြည်ထောင်စုကြီးရဲ့ကိုယ်စား ကျေးဇူးဥပါကာရ အထူးပင်တင်ရှိပါကြောင်း ဒီကနေ့တွင် အခွင့်အခါသင့်တဲ့အခိုက်မှာ ပြောလိုပါတယ်၊ ဆက်လက်ပြီးလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်တဲ့ခရီးလမ်းမှာ ကျမတို့နဲ့အတူ ခိုင်ခိုင်မာမာ လက်တွဲလျှောက်ကြဖို့လည်း အလေးအနက် တိုက်တွန်းပြောကြား လိုပါတယ်"

ဒါ့အပြင် ငြိမ်းချမ်းရေးခရီးလမ်းကို ဖြတ်သန်းလျှောက်လှမ်းကြရာမှာ Karen Model ကရင်မော်ဒယ် ဆိုပြီး ပြောစမှတ်တွင်ရအောင် လက်တွေ့ကျကျ ဦးဆောင်ပြခဲ့တာတွေလည်း အထင်အရှားဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ပါဝင်လက်မှတ်ရေးထိုးရာမှာ KNU ကရင်အမျိုးသားအစည်းအရုံးလည်း ပါဝင်ပါတယ်။

ကရင်နှစ်သစ်ကူးကို ကောက်သစ်ပေါ်တဲ့ အထိမ်းအမှတ်အနေနဲ့ ကောက်သစ်စားပွဲတွေကျင်းပသလို မိသားစုတွေ ပြန်လည်တွေ့ဆုံတဲ့ အခမ်းအနားအဖြစ် ကျင်းပတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။