ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ကနောင်မင်းသားကြီးလမ်းက KGG အထည်ချုပ်စက်ရုံမှာ အလုပ်သမား ဥပဒေကို ချိုးဖောက်နေတယ်ဆိုပြီး အလုပ်သမား ၆၀၀ လောက်က သပိတ်စခန်းဖွင့် တောင်းဆိုနေကြပါတယ်။
KGG အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ လောက်ဟာ အနည်းဆုံးလုပ်ခလစာ ပြည့်ဝစွာ ရရှိဖို့၊ မန်နေဂျာကို အလုပ်ကနေ ထုတ်ပယ်ပေးဖို့၊ အလုပ်သမားဥပဒေကို လိုက်နာဖို့၊ လုပ်ငန်းခွင်မှာ ပေါ့လျော့မှုအတွက် ပြစ်ဒဏ်ကို ခေါ်ယူသတိမပေးဘဲ အလုပ်ကနေ ထုတ်ပယ်တာ မလုပ်ဖို့ တု့ိကို သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေတာ ဒီနေ့ဆိုရင် ၆ရက် ရှိနေပြီ ဖြစ်ပါတယ်။
KGG အထည်ချုပ်စက်ရုံဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှုကော်မရှင်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လကမှ ခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးရုံမှာ ၆ ကြိမ်လောက် တွေ့ဆုံခဲ့ပေမဲ့ အဆင်မပြေတဲ့အကြောင်း အလုပ်သမားတွေက ပြောပါတယ်။
KGG စက်ရုံတာဝန်ရှိသူတွေထံ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် တာဝန်ယူ ဖြေကြားပေးခြင်းမရှိပါဘူး။
သပိတ်စခန်းဖြစ်မြောက်ရေးအတွက် ဆိုရှယ်ဒီမိုကရစ်တစ်တပ်ဦးက ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။