ဂီဒွန်စခန်းကနေ ကေအိုင်အေ တပ်တွေ ဆုတ်ခွာခဲ့ရကြောင်း ဗိုလ်မှူးကြီး နော်လီ ပြော

2016-12-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
အစိုးရတပ်မတော်သား တချို့ကိုတွေ့ရစဉ်
အစိုးရတပ်မတော်သား တချို့ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကေအိုင်အေ အမာခံစခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်တောင်ကုန်းကို လက်လွှတ် ဆုတ်ခွာလိုက်ရပြီလို့ ကေအိုင်အိုအဖွဲ့က ဗိုလ်မှူးကြီး နော်လီက ဒီကနေ့ အတည်ပြုပြောပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်လီက အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ကြားတာကတော့ အကုန်လုံးဖယ်ပေးလိုက်ပြီလို့ပြောတယ်၊ ငြိမ်းချမ်းရေးကို ရည်မှန်းပြီးလုပ်တဲ့ ကိစ္စဖြစ်တော့လေနော့၊ တပ်မတော်က မရမက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အခါကျတော့ ကျနော်တို့လည်း လက်နက်ကြီး ကျည်ဆံရယ်၊ နောက်ပြီးတော့ လေယာဉ်သံတွေကို မခံနိုင်တဲ့ အခါကျတော့ ကျနော်တို့က ဖယ်ပေးရတယ်လို့ပဲ၊ ကျနော်အမြင်က အဲ့လိုတော့ရှိတယ်"

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် ကလည်း မနေ့က ညပိုင်းမှာ ဂီဒွန်စခန်းကနေ ကေအိုင်အေ တပ်တွေ ဆုတ်ခွာပေးလိုက်ရတာလို့ ဆိုပါတယ်။

ဒီကနေ့ ကေအိုင်အေတပ်ရင်း ၃ နယ်မြေ လိုင်ဖောင်းစခန်းတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအိုင်အိုဗဟိုက တစ်စုံတရာ ညွှန်ကြားတာမရှိသေးကြောင်းနဲ့ ဗဟိုက တာဝန်ရှိသူတွေအနေနဲ့ ငြိမ်းချမ်းရေးကို ရတဲ့နည်းနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်လီ က ဆိုပါတယ်။

လောလောဆယ်မှာ ဂီဒွန်စခန်းကို ထိန်းချုပ်လိုက်ပေမယ့် လိုင်ဇာမြို့ကို စစ်ဆင်မှုတွေလုပ်မှာ မဟုတ်သေးဘူး လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

ကေအိုင်အေရဲ့ အမာခံ ဂီဒွန်စခန်းတဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား ရက်ရှည် တိုက်ပွဲတွေဖြစ်ပွားနေပြီး တပ်မတော်က ဂီဒွန်တောင်ကုန်းကို မနေ့က လေကြောင်းစစ်ဆင်ရေးတွေနဲ့ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးခဲ့ပေမယ့် အသေးစိတ်ကိုတော့ နှစ်ဖက်တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်းမရှိပါဘူး။

ဂီဒွန်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့အတွက် ဝမ်းမနည်းကြဖို့နဲ့ ခုခံတိုက်ခိုက်ခဲ့ကြတဲ့ ရဲဘော်တွေကို လေး စားကြောင်း ကေအိုင်အေ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော် ရေးသားထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

တိုက်တွန်းပါသည်

တကယ်တော့ တပ်မတော်က လိုင်ဇာအပါအဝင် ကေအိုင်
စစ်ဖက်စခန်းတွေကို တိုက်ရင် မကြာပါဖူး ရက်ပိုင်းနဲ့ ရပါ
တယ်

ငြိမ်းချမ်းရေးကိုမျှော်ကိုးပီး ငြိမ်းချမ်းရေးစာပွဲဝိုင်းကို
ကေအိုင်အေနဲ့  အလိုတူတပည့်များပါလာဖို့  လမ်းဖွင့်ပီးထားပေမဲ့
ရှမ်းမြောက်မူဆယ် ၁၀၅မိုင်မှာ အရပ်သားပစ်မှတ်များစွာကို ကေအိုင်အေဦးစီးတဲ့မျာက်ပိုင်းအဖွဲ့ တွေက အကြမ်းဖက်
ဖျက်ဆီးထိုးစစ်ဆင်ပီး၊
မြန်မာ-တရုပ်ချစ်ကြည်ရေးနဲ့ ကုန်သွယ်ရေးကိုပျက်ပြားစေမဲ့လုပ်ရပ်ကို ရက်ရက်စက်စက်လုပ်လို့ တပ်မတော်က ရက်ပိုင်းအတွင်းယခုစခန်းကုန်းကိုသိမ်းလိုက်တယ်လို့ သုံးသတ်ရပါသည်

ဒါကြောင့် ကေအိုင်အေနဲ့ အပေါင်းအပါများအနေနဲ့ ယင်းတို့  ဒေသခံစစ်ဘေးဒဏ်ခံနေရသည့် တိုင်းရင်းသားပြည်သူများကို အမှန်တကယ်ငှဲ့ငြာပါက ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဝင်
ရောက်ရန်အတွက်ယင်းတို့ လိုခြင်သည်များကို တောင်းဆို
ရေးဆွဲထားသည့်NCA ကို ရေးထိုးပါဝင်ဖို့ အချိန်ရောက်တာထက်ကျော်လွန်ပီဖြစ်သော်လည်း အချိန်မနှောင်း
သေးကြောင်းနှင့် အမြန်ဆုံးပါဝင်လက်မှတ်ထိုးပါရန်တိုက်
တွန်းပါသည်။

Dec 17, 2016 07:14 AM

ဆိုက်တခုလုံးသို့