KIA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

2016-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အမာခံစခန်းဖြစ်တဲ့  ဂီဒွန်တောင်ကုန်းကို တပ်မတော်က သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး အတိပြုလို့ မရနိုင်သေးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ က RFA ကို ဒီကနေ့ ညနေပိုင်း က ပြောပါတယ်။

နောက်ဆုံးရရှိထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်လီ က အခုလိုပြောပါတယ်။

"အတည်ပြုလို့မရသေးပါဘူး၊ ကျနော်တို့လည်း အတိအကျသတင်းကလည်း မရသေးဘူးဖြစ်နေတယ်၊ ကျဖို့ကလည်း မလွယ်ဘူးထင်တယ်နော်၊ မေးကြည့်တော့လည်း အဲဒါပုံမှန်ပဲတဲ့ ဘာမှမဖြစ်ပါဘူးတဲ့၊ မကျသေးဘူးလို့တော့ ကြားတော့ကြားတယ်လေ ဒါပေမဲ့ ပြောလို့တော့မရဘူးပေါ့လေနော်၊ ကျပြီလား မကျဘူးလားဆိုတာတော့ အတိအကျတော့ ပြောလို့မရဘူးဖြစ်နေတယ်၊ ဖြစ်တာက ဒီလိုဗျာ၊ မနေ့ည သန်းခေါင်ယံကနေ တောက်လျောက်ဒီမနက်အထိ လက်နက်ကြီးနဲ့ပစ်တယ်၊ နောက်ပြီးတော့ ဒီနေ့မနက်ကျတော့ လေယာဉ်ပျံနဲ့ပစ်တယ်၊ နောက်ပြီး ၁ နာရီခွဲလောက်မှာတော့ ခြေလျင်တပ်တွေ ပြန်ထိုး စစ်လာဖို့လို့တော့ ပြောတော့ပြောတယ်၊ တိုက်ပွဲဖြစ်တာ မဖြစ်တာတော့ ကျနော်တို့လည်း အတိအကျ မကြားရသေးဘူး"

ဒီကနေ့မှာ KIO ဋ္ဌာနချုပ် လိုင်ဇာအနီးက တပ်ရင်း ၂၅၂ စခန်းအခြေစိုက်တဲ့ လိုင်ဖောင်းစခန်းနဲ့ ဂီဒွန်တောင်ကုန်း တဝိုက်အပြင် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ နယ်မြေတချို့မှာလည်း အစိုးရတပ်မတော် က လေကြောင်းနဲ့ စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်လီ က ပြောပါတယ်။

အဲဒီ တိက်ခိုက်မှုတွေကြောင့် အင်ဂျန်းယန်မြို့နယ် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ နယ်မြေမှာ ရွာသားတစ်ချို့ ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့စာရင်း အတိအကျကိုတော့ မသိရသေးဘူးလိုU KIA ဘက်ကပြောပါတယ်။

KIA အခြေစိုက်နယ်မြေတချို့မှာ တပ်မတော်က စစ်ဆင်မှုတွေ ပြုလုပ်ခဲ့တာမှန်ကန်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့