ရဲတပ်သားက နေအိမ်ထဲ သေနတ်နဲ့ဝင်ပစ်လို့ ၂ ဦး သေဆုံး


2017.08.08
kutkhaing-gun-shoot-622.jpg အခင်းဖြစ်ပွားရာနေရာကို တွေ့ရစဉ်
.

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှာ အခု လ ၆ ရက်နေ့ညက ရဲတပ်သားတစ်ဦး က နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် အမျိုးသား နှစ်ဦး သေဆုံးပြီး သုံးဦးကတော့ ဒဏ်ရာရရှိသွား ပါတယ်။

သေနတ်နဲ့ပစ်ခတ်တဲ့ ရဲတပ်သားဟာ ကွတ်ခိုင်မြို့မရဲစခန်းကဖြစ်ပြီး လက်ရှိမှာ အဲဒီရဲတပ်သားကို အမှုဖွင့်အရေး ယူထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူးမိုးညွှန့်က RFA ကိုပြောပါတယ်။

"အခုအဲ့ဒါနဲ့ ပတ်သက်လို့ ကျနော်တို့စုံစမ်းစစ်ဆေးရေးတွေလုပ်နေပါတယ်၊ သက်ဆိုင်ရာကလည်းအရေးယူထားပါတယ်၊ ထုံးစံတိုင်း ၃၀၂၊ ၃၀၇ ပေါ့၊ ဖြစ်စဉ်ကတော့ ကွတ်ခိုင်မှာပါ၊ စစ်နေတုန်းပါပဲ၊ စစ်ပြီးတော့ အားလုံးကိုအသိပေးပါမယ်"

ဒဏ်ရာရရှိထားတဲ့ အမျိုးသား ၃ ဦးကို လားရှိုးဆေးရုံမှာ ကုသပေးနေပြီး အဲဒီအထဲက တစ်ဦးဟာ ဒဏ်ရာပြင်းထန် ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။

ဒီအမှုဟာ မူယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ကွတ်ခိုင်မြို့ခံတွေကြားမှာ ဝေဖန်မှုတွေရှိနေ ပါတယ်။

ရဲတပ်သားအနေနဲ့ ဘာကြောင့် ဒီလိုသေနတ်နဲ့ ပစ်ခတ်ရတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်းနဲ့ လက်ရှိမှာဖြစ်စဉ်ကိုစုံစမ်းနေဆဲဖြစ်ပြီး  အသေးစိတ်အချက်အလက်ကို သိရှိရရင် သတင်းထုတ်ပြန်ပေးသွား မှာဖြစ်တယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွှန့် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။