တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ လိုင်ဇာမှာ ဆက်လက်ဆွေးနွေး


2014.07.26
laiza-conference-second-day-305.jpg ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ အောက်တိုဘာလ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံ ဒုတိယနေ့ ကို မြင်ရစဉ်
photo: RFA/ Sai Htun Aung Lwin

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့ တက်ရောက်နေတဲ့ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ ကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပနေပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း ပြီးစီးနိုင်ဖို့ ဆွေးနွေးနေပါတယ်။

ဒီနေ့ ဆွေးနွေးပွဲအကြောင်း ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။

"ဒီလိုပေါ့နော် အဓိကလို့ပြောတာ ကျနော်တို့ အခန်းလိုက်ပေါ့၊ အခန်း ၇ ခန်းပါပါတယ်၊ အဲတော့ ၁ ခန်းချင်းအလိုက် UPWC နဲ့ NCCT အဖွဲ့ကနေ ညှိနှိုင်းသဘောတူထားတဲ့အချက်တွေ ပြီးတော့ ကျနော်တို့ ဆက်လက်ညှိနှိုင်းဖို့လိုတဲ့အချက်တွေကို ကျနော်တို့ရဲ့ NCCT အဖွဲ့ဝင်များရဲ့ ထိပ်သီးခေါင်းဆောင်များကို တင်ပြဆွေးနွေးနေ တာဖြစ်ပါတယ်၊ အဲတော့ အခန်းချင်းအလိုက် ကျနော်တို့ တင်ပြနေဆဲဖြစ်ပါတယ်၊ အခုချိန်အထိ အခန်း ၄ မှာ ဆွေးနွေးနေဆဲဖြစ်ပါတယ်"

အခုကျင်းပနေတဲ့ ၃ ရက်ကြာ ထိပ်သီးအစည်းအဝေးကို လာမယ့် တနင်္လာနေ့  အဆုံးသတ်မှာဖြစ်ပြီး အဲဒီနောက်မှာ NCCT အဖွဲ့ဝင်မဟုတ်တဲ့ ABSDF ကျောင်းသားတပ်မတော် အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ပါ အစည်းအဝေးတစ်ခု ဆက်လက်ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးနေတဲ့ မူကြမ်းထဲမှာ အခန်း ၇ ခန်းပါဝင်ပြီး၊ အသေးစိတ်ကို ဆွေးနွေးပွဲနောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲအကြောင်း  KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA ဝိုင်းတော်သားကို နေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။