လိုင်ဇာကို လက်နက်ကြီးကျ


2017.12.25
laiza-weapon-622.jpg ကေအိုင်အေ ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ အမှတ် ၁ ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရစဉ်
Photo: Thet Zin/ Facebook

ကေအိုင်အေ ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ အမှတ်(၁) ရပ်ကွက်အတွင်းကို မနေ့က အစိုးရ တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လေးလုံးကျ ခဲ့တာကြောင့် ဒေသခံကျောင်းဆရာမ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က ဒီနေ့ ပြောပါတယ်။

တပ်မတော်ဘက်က လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိပေမယ့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေ မရှိဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

"မနေ့က ၉ နာရီလောက်အချိန်မှာ လိုင်ဇာရပ်ကွက် ၁ ကို လက်နက်ကြီး လေးလုံးလောက်ကျပါတယ်၊ ကျောင်းဆရာမတစ်ယောက် နည်းနည်းထိခိုက်တာရှိပါတယ်၊ တုံ့ပြန်တိုက်ပွဲတွေတော့ မရှိပါဘူး၊ တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်တာပဲရှိပါတယ်"

လိုင်ဇာတဝိုက်က ခါရာတောင်မှာ တပ်မတော်တပ်စခန်းတွေရှိပြီး အဲဒီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတာလို့ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

ဒါ့အပြင် လတ်တလော မန်စီမြို့နယ်အတွင်းမှာလည်း တပ်မတော် တပ်ရင်း ၂၇ ၊ ၂၂နဲ့ ကေအိုင်အေ တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။