ပခုက္ကူမှာ ရေဘေးဒဏ်ခံနေရသူ တစ်သောင်းခွဲလောက်ရှိ

2017-07-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ဧရာဝတီမြစ်ရေတက်တာကြောင့် မကွေးတိုင်းဒေသကြီးက ကျေးရွာတချို့ရှိနေအိမ်များ ရေဝင်နေသည်ကို တွေ့ရစဉ်
ဧရာဝတီမြစ်ရေတက်တာကြောင့် မကွေးတိုင်းဒေသကြီးက ကျေးရွာတချို့ရှိနေအိမ်များ ရေဝင်နေသည်ကို တွေ့ရစဉ်
Photo: Prof Win Myat Aye/ Facebook

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတက်တာကြောင့် ပြောင်းရွှေ့နေရသူ တစ်သောင်း ခွဲလောက်ရှိနေပြီလို့ သိရပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ပခုက္ကူမြို့က ရေလယ်ကျွန်းတွေမှာ ရှိတဲ့ကျေးရွာက တစ်ထပ်အိမ်တွေ အကုန်လုံး ရေမြုပ်နေတဲ့အထိ ဖြစ်နေပြီလို့ ပခုက္ကူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း က ပြောပါတယ်။

"အခုဆက်တိုက်ပဲ သယ်ပြောင်းရွှေ့နေတုန်းပါပဲ။ မပြီးသေးဘူး။ ပြောင်းရွှေ့နေတာ နှစ်ရက်လောက်ပဲ ရှိပါသေး တယ်ခင်ဗျ၊ ကျွန်းရွာတွေဆိုတော့ တချို့မြေစိုက်အိမ်တွေကတော့ တစ်ထပ်ပဲ ပြောပါတော့၊ အဲဒီအိမ်မျိုးတွေ ကတော့ မြုပ်ပြီပေါ့။ ဒုတိယထပ်လိုဟာမျိုး နှစ်ထပ်ရှိတာမျိုးကျတော့ အပေါ်မှာငြမ်းထိုးပြီးနေကြတာပေါ့။ အဲဒီလို မျိုးလေးတွေ ရှိတာပေါ့နော်။"

ပခုက္ကူမြို့နယ်ထဲက ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၈ ခုက အိမ်ထောင်စု ၄ ထောင်ကျော်၊ လူဦးရေ ၁ သောင်း ခွဲလောက်ဟာ စက်လှေတွေနဲ့ ပြောင်းရွှေ့နေရတာဖြစ်ပါတယ်။

ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်း ၅ ခုမှာ ပို့ဆောင်ထားပြီး တချို့ကိုတော့ ဘုန်းတော်ကြီးကျောင်းတွေ ကို ပို့ပေးထားတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတ၊ ညောင်ဦး၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ ပြီး နောက် ၃ ရက်လောက်အထိ စိုးရိမ်ရေမှတ်မှာ တည်ရှိနေဦးမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ရေဟာ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေပြီး နောက် ၂ ရက်အတွင်းမှာတော့ ပြန်လည်ကျဆင်းနိုင်တယ်လို့ သိရပါတယ်။

င၀န်မြစ်ရေကတော့ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်းမှာ ဆက်တက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့