မလေးရှားသင်္ဘော စစ်တကောင်းကို ခရီးဆက်


2017.02.11
malaysia-ship-620.JPG မလေးရှားနိုင်ငံက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံးအဆောင်ပစ္စည်းတွေ တင်ဆောင်လာတဲ့ Nautical Aliya သင်္ဘောကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့အတွက် မလေးရှားနိုင်ငံကနေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံးအဆောင် ပစ္စည်းတွေ တင်ဆောင်လာတဲ့ Nautical Aliya သင်္ဘောဟာ ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းမှာ ပစ္စည်းတချို့ တဝက် ချပြီးတဲ့နောက် Bangladesh နိုင်ငံ Chittagong မြို့ကို ဆက်လက်ထွက်ခွါသွားပြီဖြစ်ပါတယ်။

အဲဒီ ထောက်ပံ့ရေးအစီအစဉ် ခေါင်းဆောင် အာဇီးစ် - ရာဟင်း က ရာသီဥတု ကောင်းမွန်ရင် စစ်တကောင်းမြို့ ကို နောက် ၃ ရက်ကြာရင် ရောက်မယ်လို့ ပြောပါတယ်။

သီလဝါဆိပ်ကမ်းမှာ ဆန္ဒပြသူတချို့ တွေ့ရပေမယ့် ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး၊ ကျနော်တို့ အစီအစဉ် အောင်မြင်အောင် မြန်မာအစိုးရက ကုူညီတာကို ကျေးဇူးတင်ရှိပါတယ်လို့လည်း ပြောပါတယ်။

အဲဒီ သင်္ဘောပေါ်မှာ မလေးရှားနိုင်ငံကနေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံး အဆောင်ပစ္စည်းတွေ တန်ချိန် ၂၃၀၀ သယ်ဆောင်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။