မြောက်ဦးကျောက်စာ ကို ရှေးဟောင်းအမွေအနှစ် အဖြစ် သတ်မှတ်ဖို့ စတင်ဆွေးနွေး

2017-05-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နဲ့ ဒေသခံတွေ မြောက်ဦးမြို့ မှာ မေလ ၁၇ ၇က်နေ့က တွေ့ဆုံနေစဉ်
ုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နဲ့ ဒေသခံတွေ မြောက်ဦးမြို့ မှာ မေလ ၁၇ ၇က်နေ့က တွေ့ဆုံနေစဉ်
Photo: CJ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားမှာထိန်းသိမ်းထားတဲ့ အာနန္ဒစန္ဒြားမင်းကျောက်စာကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနဲ့ မြောက်ဦးဒေသခံတွေ မြောက်ဦးမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဒေသခံတွေနဲ့တွေ့ဆုံပြီး မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်အောင် ကြိုးပမ်းနေတယ်ဆိုတာ အသိပေးတာဖြစ်တယ်လို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

"ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်ဝင်ဖို့ စလုပ်နေပါပြီ၊ ၂ဝ၁၈ မှာ အပြီးလုပ်ပါမယ်လို့ ပြောပါတယ်၊ မြောက်ဦးတစ်မြို့လုံးကို UNESCO တင်လို့ရတယ်ပေါ့နော်၊ ဒါပေမဲ့ လုပ်ရမယ့်လုပ်ငန်းတွေက အများကြီး အဆင့်ဆင့်ဖြစ်နေတဲ့အခါကျတော့ အာနန္ဒစန္ဒြားမင်းကျောက်စာကို ရွေးချယ်လိုက်ပါတယ်"

အာနန္ဒစန္ဒြားမင်းကျောက်စာကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း တင်သွင်းဖို့ အတွက် ကြိုးပမ်းနေစဉ်မှာ ပဲ မြောက်ဦးမြို့ကို အရှေ့တောင်အာရှမှာ အကောင်းဆုံးခံတပ်မြို့အဖြစ် ဆက်လက်တင်သွင်းနိုင်အောင် ဆောင် ရွက်သွားမှာဖြစ်တယ်လို့လည်း ဒေါ်ခင်သန်း ကပြောပါတယ်။

အစိုးရအနေနဲ့ ရှေးဟောင်းသုတေသန အက်ဥပဒေကိုပြင်ဆင်ဖို့ ကြိုးပမ်းနေပြီး မြောက်ဦးရှေးဟောင်းယဉ်ကျေး မှုဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း တင်သွင်းဖို့ ကြိုးပမ်းရာမှာ နေအိမ်တွေကို ဖယ်ရှားမှာမ ဟုတ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က မြို့ခံတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဆိုက်တခုလုံးသို့