မောင်းတောမြို့နယ် နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်က ကျေးရွာတစ်ဒါဇင်လောက်မှာ နေအိမ်တချို့ကို ဒေသခံ မူဆလင်တချို့က ဒီနေ့ မီးရှို့ဖျက်ဆီးတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ပြီး နှိမ်နင်းခဲ့ရတယ်လို့ သတင်းတွေ ရရှိပါတယ်။

2012.06.08
muslim-riot-yangon-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်က ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီအစ္စလာမ်ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်တချို့ စုဝေးဆန္ဒပြမှု ဖြစ်ပွားနေစဉ်။
RFA

ဒါ့အပြင် မောင်းတောမြို့ပေါ်က မူလတန်းကျောင်း ၅ ကျောင်း ဖျက်ဆီးခံရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မြို့ပေါ်မှာ အခြေအနေ ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမယ့် အနီးအနား ကျေးရွာတွေမှာ ပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေကြာင်း၊ ဗိုလ်မှူးရွာရှိ နေအိမ်တချို့နဲ့ တည်းခိုခန်းတစ်ခု မီးရှို့ခံရတယ် လို့ ဒေသခံတွေက ပြောဆိုကြောင်း ပြည်တွင်း ဂျာနယ်တွေနဲ့ Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြကြပါတယ်။

ဒါ့အပြင် စစ်တွေမြို့မှာလည်း ခဲတွေနဲ့ ပစ်ပေါက်တဲ့ ဖြစ်ရပ်တွေကြောင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတရုံး အရာရှိတစ်ဦးအဖြစ် လူသိများသူ “မှူးဇော်” ကတော့ သူ့ရဲ့ အင်တာနက် FaceBook စာမျက်နှာမှာ နိုင်ငံတော်အစိုးရ အနေနဲ့ ဖြစ်ပေါ်လာနိုင် တဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ဖြေရှင်းနိုင်အောင် အမြန်ဆုံး ဆောင်ရွက်နေတဲ့အကြောင်း၊ မိဘပြည်သူတွေအနေနဲ့ စိတ်အေးအေး ထားကြဖို့နဲ့ လက်ရှိ အခြေအနေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းကြပါ ဆိုပြီး ရေးသားထားပါတယ်။

RFA က မောင်းတောမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်းလိုင်း အခက်အခဲကြောင့် မေးမြန်းလို့ မရသေးပါဘူး။ အပြည့်အစုံသိနိုင်အောင် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။