သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မန္တလေးမှာ လူလေးဦး အဖမ်းခံရ

မန္တလေးမြို့မှာ ဗကသများအဖွဲ့ချုပ်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က လူ ၄ ဦး မနေ့ညဦးပိုင်းက ဖမ်းဆီးခံခဲ့ ရပါတယ်။

2012.12.14
mdy-monk-protest-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးမြို့တွင် သံဃာတော် အပါး ၃၀၀ တတိယမြောက်နေ့ ဆန္ဒပြပွဲပြုလုပ်နေစဉ်။
RFA

အဖမ်းဆီးခံခဲ့ရသူတွေကတော့ ဗကသများအဖွဲ့ချုပ်က ကိုအောင်မိုင်းဆန်း၊ ကိုသန်းထိုက်နဲ့ ကိုကျော်ကြီးတို့ဖြစ်ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်ဖြစ်တယ်လို့သိရပါတယ်။ သူတို့ကိုဖမ်းဆီးခဲ့တာဟာ သံဃာတွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်နေတယ်လို့ မန္တလေးမြို့ခံတွေက ယူဆကြပါတယ်။

ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်ရဲ့ ဇနီး ဒေါ်ခက်ခက်တို့ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းတင်ပြထားတာကိုနားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။