ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ကြောင်း အစိုးရကြေညာဖို့ မန္တလေးမှာ ဆန္ဒပြတောင်းဆို

2016-05-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
အမေရိကန်သံရုံးက ရိုဟင်ဂျာ လို့ သုံးစွဲခဲ့တဲ့အပေါ် မြန်မာအစိုးရက တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ဖြေရှင်းပေးဖို့ ဝံသာနုရက္ခိတ စနေလူငယ်အသင်းက ဦးဆောင်ပြီး မေလ ၁၃ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြစဉ်
အမေရိကန်သံရုံးက ရိုဟင်ဂျာ လို့ သုံးစွဲခဲ့တဲ့အပေါ် မြန်မာအစိုးရက တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ဖြေရှင်းပေးဖို့ ဝံသာနုရက္ခိတ စနေလူငယ်အသင်းက ဦးဆောင်ပြီး မေလ ၁၃ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

မြန်မာတိုင်းရင်းသားလူမျိုးတွေထဲမှာ ရိုဟင်ဂျာ မပါဝင်ဘူးဆိုတာကို အစိုးရအနေနဲ့ တရားဝင်ကြေညာပေးဖို့ ဒီကနေ့ မန္တလေးမြို့ ဝံသာနုရက္ခိတ စနေလူငယ်အသင်းက ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ ဆန္ဒပြတောင်ဆိုခဲ့ပေမဲ့ အစိုးရက ဖြေရှင်းပေးတာ မရှိတဲ့အတွက် မန္တလေးမြို့မှာ ဆက်လက်ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဝံသာနုရက္ခိတ စနေလူငယ်အသင်းက ဦးပြည့်ဖြိုးအောင် က ပြောပါတယ်။

"လက်ရှိ နိုင်ငံတော်အစိုးရအနေနဲ့ နောက်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့ကိစ္စ ကို တရားဝင်ကြေညာချက်ထုတ်ပေးဖို့ ကျနော်တို့တောင်းဆိုတာပါ၊ အမေရိကန်သံရုံးကိုလည်း ကျနော် တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်စာပို့ပေးဖို့ နောက်နိုင်ငံတော်အစိုးရအနေနဲ့ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့ကိစ္စကို တရားဝင်စာထွက်ပေးဖို့ ကျနော်တို့တောင်းဆိုတာပါ"

ဆန္ဒထုတ်ဖော်သူတွေဟာ ၁၉ လမ်း နန်းရှေ့အားကစားကွင်းကနေ ၆၂ လမ်းအတိုင်း လမ်းလျှောက် ဆန္ဒပြ ခဲ့ကြပါတယ်။ ဝံသာနုရက္ခိတ စနေလူငယ်အသင်းဝင်တွေအပြင် သံဃာ ၅၀ ကျော်နဲ့ လူပုဂ္ဂိုလ် ၅၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။

သူတို့တွေက ဘင်ဂါလီတွေ ကို ရိုဟင်ဂျာ လို့ မသုံးစွဲကြဖို့နဲ့ အမေရိကန်သံရုံးအနေနဲ့ ရိုဟင်ဂျာ ဆိုပြီး သုံးစွဲနေတာကိုလည်း ပယ်ဖျက်ပေးပို့ တောင်းဆိုခဲ့ကြပါတယ်။

ရိုဟင်ဂျာကို တိုင်းရင်းသားမျိုးနွယ်စုထဲမှာ မပါဝင်ကြောင်း နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင် မထုတ်ပြန်မချင်း ဆန္ဒထုတ်ဖော်ပွဲတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ဒီလူတွေဟာအမြော်အမြင်
နည်းကြပြီးဘာမဟုတ်တဲ့ ရိုဟင်ဂျာ
အရေးကိုခေါင်းထဲထည့်နေကြတယ်

May 13, 2016 04:20 PM

ဆိုက်တခုလုံးသို့