ဆိုင်ကယ်အပ်ခ ပိုကောက် တဲ့ လေလံအောင်ထားသူ ၃ ဦး ဒဏ်ငွေပေးဆောင်ရ


2017.04.15
mdy-thingyan-620.jpg ကျုံးတောင်ဘက်မျက်နှာစာတစ်လျှောက်က မန္တလေးလမ်းလျှောက် သြင်္ကန်နေရာကို တွေ့ရစဉ်
Photo: Aung Thamardi Gold & Jewellery Shop And Gold Refinery/ Facebook

မန္တလေးလမ်းလျှောက်သြင်္ကန်မှာ ဆိုင်ကယ်အပ်နှံနိုင်တဲ့နေရာ လုပ်ပိုင်ခွင့်ရရှိထားသူတွေထဲက သတ်မှတ်ငွေကြေး ထက်ပိုမိုကောက်ခံတဲ့ လုပ်ကိုင်ခွင့်ရရှိထားသူ ၃ ဦးကို ဒဏ်ငွေ တစ်သိန်းစီ ပေးဆောင်စေပြီး မန္တလေးစည်ပင်သာ ယာရေးကော်မတီက အရေးယူလိုက်ပါတယ်။

ကိုယ်တိုင်ကွင်းဆင်းလေ့လာပြီး အရေးယူမှုတွေဆောင်ရွက်နေတယ်လို့ မန္တလေး စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ဇောအောင် က ပြောပါတယ်။

"မြေပြင်မှာဆင်းပြီး အရပ်ဝတ်နဲ့ လိုက်ဖမ်းနေတာ သုံးခုတော့မိပြီ၊ ရုံးမှာခေါ်ပြီး သတိပေးတယ် ဒဏ်ကြေး တပ်တယ် နောက်တစ်ခေါက်ထပ်ဖြစ်ရင် ဒဏ်ကြေး ၃ သိန်းအထိတပ်မယ် လေလံဖျက် သိမ်းမယ်ဆိုပြီး လုပ်နေပါပြီ"

လမ်းလျှောက်သြင်္ကန်ကို လာရောက်တဲ့သူတွေ စက်ဘီး ဆိုင်ကယ်အပ်နှံခအဖြစ် တစ်စီးကို ငွေကျပ် ၅၀၀ သတ်မှတ်ထားပေမယ့် လေလံရရှိထားသူတွေက အကြိုနေ့မှာသာ ငွေ ၅၀၀ ကျပ်ကောက်ခံခဲ့ပြီး အကျနေ့ မနက်ပိုင်းမှာ ၁၀၀၀ ကျပ်နဲ့ ညနေပိုင်းမှာ နှစ်ထောင် ကျပ်အထိ တိုးမြှင့်ကောက်ခံခဲ့တဲ့ အတွက် အရေးယူမှုတွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မန္တလေးလမ်းလျှောက် သြင်္ကန်ကို ဒီနှစ်မဟာသြင်္ကန်ကာလမှာ ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပတာဖြစ်ပြီး ကျုံးတောင်ဘက်မျက်နှာ စာတစ်လျှောက်မှာ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက ဦးစီးပြီး စီစဉ်ပေးထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။