KIO ကအစိုးရကို မေးခွန်းများထုတ်ခဲ့

2011-08-05

အပစ်ရပ်ရေး လာရောက် ဆွေးနွေးတဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မည်သူက တာဝန်ပေးခဲ့သလဲ ဆိုတဲ့ မေးခွန်းအပါအ၀င် အစိုးရဲ့ သဘောထား တွေကို ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ KIO က မေးမြန်းခဲ့ တယ်လို့ သိရပါတယ်။

KNG

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အတွက် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့က ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်) အား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - KNG

လွန်ခဲ့တဲ့အပတ် တနင်္လာနေ့နဲ့ အင်္ဂါနေ့က တရုတ် မြန်မာ နယ်စပ် မိုင်ဂျာယန် စခန်းမှာ တွေ့ဆုံခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ အစိုးရဘက်က ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင်ကို KIO က မေးခွန်း ၈ ခု မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး KIO အရာရှိ တဦးက ခုလိုပြောပါတယ်။

“ငြိမ်းချမ်းရေးကို နှစ်ဦး နှစ်ဘက် တူညီတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှု ဘယ်လို ထားရှိမလဲ။ အပစ်အခတ် ရပ်ဆိုင်းရေး ဆိုတဲ့ ဝေါဟာရကို ဘယ်လို နားလည် ထားမလဲ။ ဒီအဖွဲ့အစည်းကို အစိုးရ ဘယ်အဆင့်ကနေ လုပ်ပိုင်ခွင့် ပေးမလဲ။ ကတိ ချိုးဖောက်တဲ့ အဖွဲ့ကို ဘယ်သူက အရေးယူ ပေးမလဲ။ ပင်လုံအပေါ်မှာ ဘယ်လို သဘောထား ရှိသလဲ။ KIO အပေါ်မှာ နိုင်ငံရေး အရရော အဖွဲ့အစည်း အရရော ဘယ်လို သဘောထားလဲ”

ဒီမေးခွန်းတွေကို အထက်ကို ပြန်လည် တင်ပြပါမယ်လို့ ဗိုလ်မှုးသန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီအတောအတွင်း တာပိန်ကနေ မိုးမောက်ကို လာတဲ့ မော်တော်ယာဉ် တစီးကို KIA က ပစ်တာကြောင့် လူ ၇ ဦးသေပြီး ၁ ဦး ဒါဏ်ရာ ရတယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထား ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO အဖွဲ့ကို မေးမြန်းရာမှာ အဆက်အသွယ် လုပ်လို့ မရပါဘူး။ ဒါပေမယ့် ဒေသခံတွေ ကို ကိုးကားပြီး Network media သတင်းအရ KIA တပ်က ကားကို လုံခြုံရေး စစ်ဆေးဖို့ ရပ်ခိုင်းတာကို ကားပေါ်မှာ လိုက်ပါလာတဲ့ လုံခြုံရေး အစောင့်ရဲက ရပ်ခွင့်မပေးဘဲ မောင်းခိုင်းတာကြောင့် KIA က ပစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်