မွန်အမျိုးသားဒီမိုကရေစီပါတီ ပြန်မှတ်ပုံတင်မည်

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ဖူးတဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီ(MNDF)ဟာ မတ်လအကုန်ပိုင်းမှာ ပါတီကို ပြန်လည် မှတ်ပုံတင်တော့မှာ ဖြစ်ကြောင်း RFA ကို ပြောကြားပါတယ်။
2012-03-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
nmsp-sign-b305
မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မော်လမြိုင်မြို့တွင် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးစဉ်။
RFA


မြန်မာအစိုးရက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တချို့ ပြန်လည်ပြင်ဆင်ပေးခဲ့တာနဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများကို အစိုးရက ပြန်လွှတ်ပေးခဲ့တာတွေအပေါ် အခြေခံပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ဖို့အတွက် မွန်အမျိုးသား ဒီမိုကရေစီပါတီကို မှတ်ပုံတင်ဖို့ စဉ်းစားရတာဖြစ်ကြောင်း MNDFပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။


မွန်ပြည်နယ်မှာတော့ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီ (MNDF)နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) (၂)ပါတီရှိပြီး၊ ဒီ(၂)ပါတီကို တပါတီထဲ အဖြစ်ပူးပေါင်းဖို့ မွန်ဒေသခံတွေက တိုက်တွန်းနေကြပါတယ်။


(၂)ပါတီ ပူးပေါင်းရေးကို ပါတီခေါင်းဆောင်တွေ ဆွေးနွေးနေဆဲဖြစ်ပြီး ပူးပေါင်းဖြစ်မယ်ဆိုရင် ပါတီအတွက် နာမည် အသစ်တခု ရွေးမှာဖြစ်ကြောင်း ဒေါက်တာမင်းစိုးလင်းက RFAကို ပြောပါတယ်။


ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်