မူးယစ်ဆေးဝါးပြဿနာဖြေ ရှင်းပေးဖို့ မိုးညှင်းဒေသ ခံတွေ တောင်းဆိုဆန္ဒပြ


2014.12.20

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုတွေကို အစိုးရအာဏာပိုင်တွေက ထိရောက်စွာ ကာကွယ်နှိမ်နှင်းဆောင်ရွက်ဖို့ ဒေသခံ သုံးရာကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူပေး ဖို့တောင်းဆို တာဖြစ်ကြောင်း ဒီနေ့ဆန္ဒပြပွဲကိုဦးဆောင်ခဲ့တဲ့ မိုးညှင်းမြို့ အခြေစိုက် မူးယစ်ဆေးဝါး ကာကွယ်တိုက်ဖျက်ရေးအဖွဲ့ က ဦးဆိုင်းနော်က ပြောပါတယ်။

"အာဏာပိုင်တွေရဲ့ အရေးယူဆောင်ရွက်မှု အား နည်းတာကို ကျနော်တို့ တွန်းအားပေးခြင်း သဘောဖြစ်ပါ တယ်၊ လူငယ် ၁၀ ဦးမှာ ၂ ဦးလောက်ကတော့ မူးယစ်ဆေးဝါးကို သုံးစွဲနေတာ ကို တော်တော်ကိုဆိုးဆိုး ဝါးဝါး အခြေအနေဖြစ်နေ တာကို မြင်တွေ့ရပါတယ်၊ အရေးယူတဲ့အခါမှာလဲ နည်းနည်းပါးပါး ကိုယ်ကိုတိုင် သုံးပြီးတော့ ရောင်းတဲ့ ဟာတွေပဲ အရေးယူဆောင်ရွက်သွားပြီးတော့ တကယ်တန်းရပ်ကွက်မှာ အင်အားအ ကြီးမားနဲ့ ရောင်း ဝယ်ဖောက် ကားတာ တွေကျတော့ ထိထိရောက်ရောက် အရေးယူခြင်း မတွေ့ရတဲ့အတွက် ကျနော်တို့က တွန်းအားပေးခြင်းဖြစ်တယ် "

ဆန္ဒပြသူတွေဟာ မိုးညှင်းမြို့ အောင်သပြေရပ်ကွက်က စိန့်ပက်ထရစ်ကက်သလစ်ဘုရားရှိခိုး ကျောင်းကနေ မြို့တစ် ပတ် ကြွေးကြော်ဆန္ဒပြခဲ့ပြီး လွတ်လပ်သော တိုင်းရင်းခရစ်ယာန်အသင်းတော်ထိ ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မိုးညှင်းတက္ကသိုလ်က ကျောင်းသား/ ကျောင်းသူတွေ၊ ရှမ်း၊ ဗမာ၊ ကချင်စတဲ့ ဒေသ ခံ ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။