နမ့်ဆန်နဲ့ လပွတ္တာ မီးဘေးအတွက် လွှတ်တော်အမတ်တွေ လှူဒါန်း
2016.02.08
Photo: Kyaw Htoon Naing/RFA
ပြီးခဲ့တဲ့ရက်ပိုင်းက မီးဘေးအကြီးအကျယ် ကြုံတွေ့ခဲ့ရတဲ့ ရှမ်းပြည်နယ် နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က မီးဘေးဒုက္ခသည်တွေအတွက် လွှတ်တော်အမတ်တွေရဲ့ တစ်ရက်အသုံးစရိတ် ကျပ်နှစ်သောင်းကို လှူဒါန်းကြ ဖို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဒီနေ့ အဆိုတင်သွင်းခဲ့ရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
ဒါကြောင့် လွှတ်တော်အမတ်တွေရဲ့ နေ့စဉ်အသုံးစရိတ်ထဲက ကျပ်တစ်သောင်းကို မီးဘေးဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာအတွက်၊ ကျန်တစ်သောင်းကျပ်ထဲက ငါးထောင်ကို လိုအပ်တဲ့ ပစ္စည်းပစ္စယတွေအတွက်၊ ကျန် ငါးထောင်ကို အထွေထွေစရိတ်အဖြစ် လှူဒါန်းမယ်လို့ သိရပါတယ်။
စုစုပေါင်းလှူဒါန်းငွေ ကျပ် ၁၃ သန်းကျော်ဖြစ်ပါတယ်။
နန့်ဆန် မီးဘေးမှာ ပြည်သူ ၁၂၇၀ ဝန်းကျင်၊ လပွတ္တာ မီးဘေးမှာ ၇၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။