မြန်မာ MPPL ရဲ့ အစုရှယ်ယာ ၄၄ ရာခိုင်နှုန်း ဂျပန် Mitsui ကုမ္ပဏီ ဝယ်ယူ


2014.12.17

ဂျပန်နိုင်ငံက ကမ္ဘာကျော် Mitsui ကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချဖ့ိုအတွက် MPPL မြန်မာ့စွမ်းအင် ကုမ္ပဏီလီမိတက်ရဲ့ အစုရှယ်ယာ ၄၄ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ကုမ္ပဏီက မနေ့က ကြေညာလိုက်ပါတယ်။

MPPL ကုမ္ပဏီဟာ MAX power Group ကုမ္ပဏီလက်အောက်ခံဖြစ်ပြီး၊ စင်္ကာပူ အခြေစိုက်ကုမ္ပဏီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ MPPL ကုမ္ပဏီက ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ   လျှပ်စစ်ဓါတ်အား ၅ဝ မီဂါဝပ်ထွက်တဲ့ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားစက်ရုံ  စက်ရုံတစ်ရုံကို ၂ဝ၁၃ ခုနှစ်မှာ စတင်လည်ပတ်ပြီး၊ မြန်မာ့ လျှပ်စစ်စွမ်းအင်ဌါန MEPE ကို အနှစ် ၃ဝ စာချုပ်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။

Mitsui ကုမ္ပဏီရဲ့ဌာနချုပ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာတည်ရှိပြီး၊ အခုလို MPPL ကုမ္ပဏီရဲ့အစု  ၄၄ ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းကို ပေးချေပြီးပြီလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။