မြန်မာစစ်တပ်ကို သင်တန်းပေးရေး အမေရိကန် လွှတ်တော် အမတ်များဝေဖန်


2014.12.12
army_parade_305px.jpg တပ်မတော်နေ့ အခမ်းအနားတစ်ခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီတပ်ဖွဲ့တစ်ခုကို တွေ့ရစဉ်
Photo: AFP

အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ မကြာခင် အတည်ပြုမယ့် ကာကွယ်ရေး အသုံးစရိတ် ဥပဒေအရ မြန်မာနဲ့ အမေ ရိကန် တပ်မတော်အကြား ဆက်ဆံရေးတိုးမြှင့်ဖို့ရှိပါတယ်။

အဲ့ဒီတိုးချဲ့မှုကြောင့် မြန်မာတပ်မတော်ကို အယူအဆဒွိဟ ဖြစ်အောင် လုပ်ဆောင်ရာကြတယ်လို့ အမေရိကန် လွှတ်တော်အမတ်တချို့ နဲ့ လူ့အခွင့် အရေးခေါင်းဆောင်တွေက ဝေဖန်ပြောကြားလိုက် ပါတယ်။

အမျိုးသား လုံခြုံရေးကောင်စီ NSC ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က အခုလိုပြုမူခြင်းအားဖြင့် ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ မှာ မြန်မာစစ်တပ်က ပိုမိုပါဝင်ဆောင်ရွက်လာတာနဲ့အမျှ မိမိတို့ကလည်း ဆက်ဆံရေးကို လိုက်လျောညီထွေ တိုးမြှင့်ခွင့်ရမှာ ဖြစ်တယ်လို့ပြောပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးမူဝါဒ ကြီးကြပ်ကွပ်ကဲရေးမှာ ပါဝင်တဲ့ လွှတ်တော်အမတ်တချို့ ကတော့ မြန်မာပြည် မှာ နိုင်ငံရေးပြောင်းလဲမှုတွေ ရပ်တန့်နေပြီး မွတ်စလင်လူနည်းစုတွေ ဖိနှိပ်ခံနေရတဲ့ အခုလိုကာလမှာ စစ်ရေးဆက်ဆံ မှုတွေ တိုးချဲ့မှု မပြုလုပ်သင့်သေးဘူးလို့ ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့လအတွင်း သမ္မတအိုဘားမား မြန်မာပြည်ကိုသွားရောက်ခဲ့စဉ်က လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင် ခင် မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးတိုးချဲ့ခြင်း မပြုဖို့ ဒေါ်အောင်ဆန်းစုကြည် ကမေတ္တာရပ်ခံခဲ့ပြီး အိုဘားမားကလည်း သဘောတူ ကတိပြုခဲ့တယ်လို့ ခရီးစဉ်မှာလိုက်ပါသွားခဲ့တဲ့ အရာရှိတွေကို ကိုးကားပြီး အမေရိကန်လွတ်တော် အမတ်တွေက ပြောပါတယ်။ နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Robert Menendez က သမ္မတအိုဘားမားထံ ဒီအပတ်အတွင်း ပေးပို့ခဲ့တဲ့စာမှာ အခုအတည်ပြုမယ့် ကာကွယ်ရေး အသုံးစရိတ် ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တဲ့ ကတိကဝတ်တွေနဲ့ လိုက်လျှောညီထွေမရှိဖူးလို့ ဖေါ်ပြ ထားကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဦးခင်မောင်ညိန်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်းမှာပဲ  အာရှလူ့အဖွဲ့အစည်းနဲ့ အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့လို့ အဓိပ္ပါယ်ရတဲ့ Asia Society and US Institute of Peace အဖွဲ့က အကြံပေးပုဂ္ဂိုလ် မစ္စ Priscilla Clapp က အမေရိကန်မူဝါဒနဲ့ မြန်မာ့ရွေးကောက် ပွဲနှစ် ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ရပ်ကို ဝါရှင်တန်ဒီစီမြို့တော်ရှိ East-West Center မှာ ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းကပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။