ပျောက်ဆုံး မြန်မာလေယာဉ်မှူး အလောင်း တွေ့ရှိ


2014.10.09
myanmar-pilot-dead-305.jpg ကွယ်လွန်သွားတဲ့ မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးပုံ
Photo: Htoo Foundation

ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံးသွား တဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေနေရင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့ ထိုင်း B4 ရဟတ်ယာဉ်က မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုး ဟာ တောတွင်းတစ်နေရာမှာ ကွယ်လွန်သွားတဲ့ အကြောင်း ရှာဖွေရေးဦးဆောင်နေတဲ့ ထူးဖောင်ဒေးရှင်း အဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မူလသတင်းထုတ်ပြန်ထားတဲ့ လှိုဏ်ဂူတစ်ခုအနီးမှာပဲ မနေ့က ညနေ ၄ နာရီခန့်မှာ ပျောက်ဆုံးနေတဲ့ ကပ္ပတိန် ဦးအောင်မြတ်တိုးရဲ့အလောင်းကို တွေ့ရှိခဲ့တာလို့ ထူးကုမ္ပဏီရဲ့ Facebook လူမှုရေး စာမျက်နှာ မှာ ရေးသားထားပါတယ်။ ပျောက်ဆုံးရဟတ် ယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေထဲကတစ်ဦးကို အနီးနားကျေးရွာတစ်ရွာမှာ ဗုဒ္ဓဟူးနေ့က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီကနေတဆင့် ဒဏ်ရာရနေတဲ့ ထိုင်းလေယာဉ်မှူးနဲ့ ကယ်ဆယ်ဆယ်ရေးဝန်ထမ်းတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

B4 ရဟတ်ယာဉ်ဟာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေရေးလုပ်ငန်းမှာ အသုံးပြုဖို့ ထူးဖောင်ဒေးရှင်းက ထိုင်းနိုင်ငံ Advance Aviation Co ကနေ ငှားရမ်းထားတာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အခြေစိုက်တဲ့ တဟွန်ဒမ်းကျေးရွာကို စက်တင်ဘာ၂၇ ရက် နေ့လယ်ပိုင်းက ပူတာအိုကနေ ရိက္ခာပို့ဖို့အသွား ပျံသန်းချိန် မိနစ် ၂၀ အကြာမှာ အဆက်အသွယ် ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။