ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့နဲ့ နယ်စပ်မှာ တိုက်ပွဲဖြစ်ပွား၊ မြန်မာရဲ ၄ ဦးကျဆုံး


2014.05.17
bangladesh-border-305 မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်း က တွေ့ရစဉ်။
photo: RFA/Kyaw Kyaw Aung

မြန်မာနယ်ခြားရဲတပ်ဖွဲ့နဲ့ မွတ်စလင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO တို့ ဒီနေ့ မနက် ၉  နာရီခွဲလောက်က ဘင်္ဂလားဒေ့ရ်ှ-မြန်မာ နယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ရာ မှာ မြန်မာရဲတပ်ဖွဲ့က ရဲတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေတယ်လို့ အမည် မဖေါ်လိုတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အရာရှိ တစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးဟာ မိုင်တိုင် ၅၂ ခေါ် နတ်ရေကန်စခန်းဖက်ကို ဒီနေ့မနက်က သွားရောက်စဉ်မှာ အသင့်စောင့်နေတဲ့ RSO အင်အား ၆၀ လောက်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်ခြမ်းမှာ ခိုလှုံနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလ ၁၃ ရက်နေ့ကလည်း မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်လာတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တဖွဲ့နဲ့  မြန်မာနယ်ခြားစောင့်တပ်တို့ မေလ ၁၃ ရက် မနေ့က မနက်အစောပိုင်းက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ် ၃၉  အနီးမှာ RSO ရိုဟင်ဂျာ လက်နက်ကိုင် ၁၀ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က RFA ကို အတည်ပြု ပြောပါတယ်။

၁၅ မိနစ်ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။