ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်ခေါ် ဖို့ မြန်မာကို ပြောဆို

2017-01-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ်
Photo: United Nations Refugee Agency - Cox's Bazar, Bangladesh facebook

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာက သူတို့နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာ ကို ပြန်လည်ခေါ်ယူဖို့ မြန်မာနိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ကို မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဒါကာမြို့မှာ တွေ့ဆုံစဉ် မွတ်စလင်ဒုက္ခသည်ပြဿနာကို အဖြေရှာဖို့ အခုလိုပြောကြား ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနကပြောပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းအရ မောင်တောမြို့နယ် မှာ အောက်တိုဘာလဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူ အရေ အတွက် ခြောက်သောင်းခွဲရှိပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ပြောဆိုတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တုန့်ပြန်ပြောကြားချက် တစ်စုံတရာ မသိရသေးပါဘူး။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့