မြန်မာ ရုရှား စစ်ဘက်ပူးပေါင်းရေး လွှွတ်တော်အတည်ပြု


2016.05.10
myintngwe-620.jpg မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် မေလ ၁ဝ ရက်နေ့ က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းစဉ်
Photo: Myanmar Union Parliament Facebook

မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် မြန်မာ-ရုရှား နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေ အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမှာ ပိုမိုတိုးတက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြောပါတယ်။

"မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဥပဒေနဲ့အညီ စနစ်တကျဆောင်ရွက်ရန် ယခုစာချုပ် မှာ နှစ်ဖက်လက်မှတ်ရေးထိုးနိုင်ခြင်းအားဖြင့် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလျှင်မြန်ထိရောက်စွာ တိုးတက်ဆောင်ရွက်နိုင်စေရန် ယခုလက်မှတ်ရေးထိုးမည့် သဘောတူစာချုပ်ကို အခြေခံ၍ နောက်ဆက်တွဲ သဘောတူညီချက်များအား ဆက်လက်ဆောင်ရွက်မှာဖြစ် ပါတယ်"

အဲ့ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော် နာယကထံ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က သဝဏ်လွှာပေးပု့ိထားတာဖြစ်ပါတယ်။

အဲ့ဒီသဝဏ်လွှာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါ အဝင် ကိုယ်စားလှယ်သုံးဦးစလုံးက ပါဝင်လက်မှတ်ရေးထိုးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ လုပ်ငန်းလိုအပ်ချက်အရ နောက်ထပ်အဖွဲ့ဝင် ၅ဦး ထပ်တိုးတာဝန်ပေးလိုက်ကြောင်း လည်း လွှတ်တော် ဥက္ကဌက ကြေညာခဲ့ပါတယ်။

တရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးမြသိန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဒုတိယရှေ့နေ ချုပ်ဟောင်း ဦးမြင့်နိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနက ဒုတိယ ညွန်ကြားရေးမှူး ချုပ်ဟောင်း ဒေါ်အေးအေးမူ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနက အငြိမ်းစာ ပါမောက္ခ ဒေါက်တာ သီတာဦးနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ညွှန်ကြားရေးမှူးဟောင်း ဒေါ်သင်းခိုင် တို့ကို ထပ်တိုးတာဝန်ပေး လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။