အင်းလုပ်ပိုင်ခွင့်အများ ကိုပေးဖို့ တောင်းဆို


2016.04.21
fish-workers-protest-620.jpg မြင်းခြံမြို့ အမှတ် ၈ ဘောလုံးကွင်းမှာ အင်းလုပ်ပိုင်ခွင့်အများကိုပေးဖို့ ဧပြီလ ၂၁ ရက်နေ့က ဒေသခံရေလုပ်သားတွေ တောင်းဆိုစဉ်
Photo: Doe Gyi (facebook)

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ ငါးလုပ်ငန်းလုပ်ကိုင်တဲ့အင်းတွေကို လုပ်ငန်းရှင် တစ်ဦးတည်းသာ လုပ်ပိုင်ခွင့်ပေးထားတာကို မကျေနပ်တဲ့ကျေးရွာသားတွေက တစ်ဦးတည်းကို လုပ်ပိုင်ခွင့်မပေးပဲ အများကိုပေးဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီနေ့ မြင်းခြံမြို့ အမှတ် ၈ ဘောလုံးကွင်းမှာ ဆန္ဒပြကြတာဖြစ်ပြီး ဒေသခံတွေကိုပါ လုပ်ပိုင်ခွင့်ပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ ပဒေသာကျေးရွာက ကိုဝင်းနိုင်က ပြောပါတယ်။

"အင်းတွေကို တစ်ဦးတည်းစနစ်ပေးထားတယ်ပေါ့၊ ကျနော်တို့ ကျေးလက်ဒေသခံလူတန်းစားတွေကို မပေးလို့ပေါ့ဗျာနော် အဲ့ဒါကြောင့်မို့လို့၊ ကျနော်တို့ ပြည်သူလူထုကိုမသိပဲနဲ့ ကြေးတိုင်စနစ် နဲ့ နှစ်စဉ်နှစ်တိုင်း သူတို့ပဲရတာဗျ၊ ကျနော်တို့မရခဲ့ဘူးဗျ၊ နိုင်ငံတော်ရဲ့ကြမ်းခင်းဈေးလေးနဲ့ ကျနော်တို့ရဲ့ ကျေးလက်ဒေသ ရေလုပ်သားအဖွဲ့အစည်းလေးတွေကို ပေးစေချင်တာပေါ့"

မြင်းခြံမြို့နယ်အတွင်းမှာရှိတဲ့ ရှင်မတောင်အင်း-ဒေါင်းအင်း၊ မြစ်ဒေါင့်ကွေးအင်း၊ ၁၅ လံအင်း၊ ညောင် ပင်ဝိုက်အင်း၊ မြေကျိုးထောင့်အင်း စတဲ့အင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်ကတည်းက မြင်းခြံမြို့က စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတည်းကိုသာ လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။

အဲ့ဒီအင်းထဲမှာ ငါးဖမ်းဖို့အတွက် ဒေသခံတွေက လှေတစ်စီးကို ကျပ်တစ်သိန်းပေးရပြီး ဖမ်းဆီးရတဲ့ငါး မှန်သမျှကို တခြားနေရာမှာရောင်းချခွင့်မရှိပဲ အင်းပိုင်ရှင်ဆီကိုသာ ပြန်သွင်းရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ထနောင်းကုန်း၊ သဲဖြူအနောက်ရွာ၊ ပဒေသာ၊ ရှားတောကုန်းနဲ့ သာပေါင်းလေးကျေးရွာက ဒေသခံ ၂ဝဝ လောက်က လုပ်ပိုင်ခွင့်တွေရရှိဖို့ ဆန္ဒပြတောင်းဆိုကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။