သပိတ်စခန်းတွေ ရန်ကုန်နဲ့ မန္တလေးမှာ တပြိုင်တည်းဖွင့်

2017-08-02
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို သြဂုတ်လ ၂ ရက်နေ့က မန္တလေးမြို့ သာသနာ ၂၅၀၀ ပြည့် ရတနာဗိမာန်တော်အတွင်းမှာ ဖွင့်လှစ်စဉ်
အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို သြဂုတ်လ ၂ ရက်နေ့က မန္တလေးမြို့ သာသနာ ၂၅၀၀ ပြည့် ရတနာဗိမာန်တော်အတွင်းမှာ ဖွင့်လှစ်စဉ်
Photo: Hset Paing Toe/ RFA

သံဃာတော်တွေ ဦးဆောင်တဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေကို ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ တပြိုင်နက်တည်း ဖွင့်လိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းဘုရားရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၅၀ ကျော်ဟာ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ဖွင့်လှစ်တာဖြစ်ပြီး မန္တလေးမြို့မှာ သာသနာ ၂၅၀၀ ပြည့် ရတနာ ဗိမာန်တော်အတွင်းမှာ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

တိုင်းပြည်အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေတဲ့ အစိုးရကိုဆန့်ကျင်ကြောင်း၊ အမျိုးဘာသာ သာသနာကို နှိမ့်ချတဲ့ အစိုးရကို အလိုမရှိကြောင်းနဲ့ စီမံခန့်ခွဲမှု မကျွမ်းကျင်သူတွေကို နေရာပေးတဲ့ အစိုးရကို အလိုမရှိကြောင်း၊ တိုင်းရင်းသားတွေကို ပစ်ပယ်ပြီး ပြည်ပပညာရှင်တွေကို အားကိုးတဲ့ အစိုးရ အလိုမရှိကြောင်းနဲ့ အာဏာယူပြီး တိုင်းပြည်အကျိုးမကာကွယ်နိုင်တဲ့ အစိုးရကို အလိုမရှိကြောင်း  ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ ပါတယ်။

မန္တလေးမြို့က သပိတ်စခန်းကို တပတ်ကြာဖွင့်လှစ်သွားမယ်လို့ သံဃာတပါးက မိန့်ကြားပါတယ်။ မန္တလေးမြို့နယ် သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေက ဆန္ဒပြသံဃာတွေနဲ့ တွေ့ဆုံပြီး လက်ရှိ သပိတ်စခန်းဖွင့်တဲ့နေရာမှာ မလုပ်သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ကွန်မင့်များ (6)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ရန်ကုန် နဲ့ မန္တလေး တပြိုင်နက် လုပ်တယ် ဆိုကတည်းက ကြိုတင် စီမံထားမှန်း သိသာပါတယ်။ ကြွေးကြော်သံတွေ ကို နားထောင်ကြည့်လိုက်ပါ ။ အတူတူ ဖြစ်နေပါလိမ့်မယ် ။ ဦးဝီရသူလေသံ အတိုင်းပေါ့။

Aug 03, 2017 10:25 PM

ko ko

နေရပ်- U.S.A.

အစိုးရ ဖြုတ်ချရေး ဆိုတာ ဘယ်သူ့အလုပ်လဲ။ ဘယ်တိုင်းပြည်မှာမဆို အစိုးရ မကောင်းဘူးထင်ရင် သမတ (သို့) ၀န်ကြီးချုပ်ကို လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်ပြီး ရွေးကောက်ပွဲ ပြန်လုပ်ရတယ်။ ဒါမှမဟုတ်လဲ စစ်တပ်က အာဏာသိမ်းရတယ်။ မြန်မာပြည်မှာ စစ်တပ် အာဏာပြန်သိမ်းစေချင်ကြတယ် ထင်ပါရဲ့

Aug 03, 2017 03:46 PM

ဒီမို

နေရပ်- မြန်မာ

တိုင်းပြည်အကျိုးစီးပွား (ဒါ ဘယ်သူ အကျိုးဆိုတာ အသိသာကြီး) ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေတဲ့ အစိုးရကိုဆန့်ကျင်ကြောင်း(ဟား ဟား ရီရတယ်)၊၊ အမျိုးဘာသာ သာသနာကို နှိမ့်ချတဲ့ အစိုးရ (အော် မင်းတို့ စစ်အစိုးရတုန်းကရော အဲ့လိုမရှိဘူးလား) ကို အလိုမရှိကြောင်းနဲ့ စီမံခန့်ခွဲမှု မကျွမ်းကျင်သူတွေကို နေရာပေးတဲ့ အစိုးရ ( လာပြန်ဘီ ကိုယ့်အပြစ်ကို မမြင်ဘူး သူများချည်းလက်ညှိးထိုးတဲ့ကောင်တွေ) ကို အလိုမရှိကြောင်း၊ တိုင်းရင်းသားတွေကို ပစ်ပယ်ပြီး ပြည်ပပညာရှင်တွေကို အားကိုးတဲ့ အစိုးရ ( ပညာသာ အဓိကဆိုတာ သိမှမသိတဲ့ကောင်တွေကများ) အလိုမရှိကြောင်းနဲ့ အာဏာယူပြီး တိုင်းပြည်အကျိုး ( ဒီနေရာမှာတော့ ရှင်းသွားဘီကွာ မင်းကို ခိုးခဲ့တာ၊ ဆိုးခဲ့တာတွေ ဗူးပေါ်သလိုပေါ်လာပြီး မဖုံးနိုင်မဖိနိုင်ဖြစ်နေလို့မှလား ) မကာကွယ်နိုင်တဲ့ အစိုးရကို အလိုမရှိကြောင်း ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ ပါတယ်။ အေး ပြည်သူကတော့ ဟာသ လို့ဘဲ မင်းတို့ကိုမြင်တယ် ဂတုံးတွေ ( သံဃာ အစစ် မဟုတ်လို့ ) ဘုရား သားတော် အစစ်မဟုတ်လို့ ၊ သင်္ကန်းအရည်ခြုံတွေမို့. . . . . ရှင်းလား

Aug 03, 2017 12:01 AM

အမည်မဖော်လိုသူ

Non-sense ! They seems never think of our country's, Myanmar's, developments. How can we develop by creating such conflicts and riots ?

Aug 02, 2017 11:03 PM

ဦးဝီရသူ လက်စောင်းထက်ပုံ က

ဆန္ဒပြနေတဲ့ကိုယ်တော်တွေက (အသုံးချခံ)များဖြစ်မှန်း မသိ ဖြစ်နေကြပြီ။

Aug 02, 2017 11:17 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့