နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်အဖွဲ့ ၈ဖဲ့ွ လာမယ့်အပတ် တေ့ွဆုံမည်


2017.01.17
dassk-state-counsellor-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ လာမယ့်တပတ်အတွင်း တေ့ွဆုံသွားမယ် လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော်မှာ တွေ့ဆုံသွားမှာဖြစ်ပြီး တွေ့ဆုံပွဲမှာ နှစ်ဖက်ဆွေးနွေးတဲ့ အကြောင်းအရာတွေကို သတင်းထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

"ကျနော်တို့တွေ့ဖို့ အကြောင်းပြန်ထားပါတယ်။ နေပြည်တော်မှာတွေ့မှာ ဖြစ်ပါတယ်။ နောက် အပတ်တွေ့မှာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးအကြံပြုချင်တယ်ပြောတယ်။ ကျနော်တို့တွေ့တဲ့အခါမှာ သတင်းထုတ်ပေးပါမယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တေ့ွဆုံဆွေးနွေးဖို့အတွက် အပစ်ရပ်အဖွဲ့ ၈ ဖဲ့ွဘက်က ကိုယ်စားလှယ် ၅ ဦးပါတဲ့ ကော်မတီဖဲ့ွစည်းထားပြီး ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ALP အဖွဲ့က ဦးခိုင်စိုးနိုင်အောင်၊ ABSDF အဖွဲ့က ဦးသံခဲ၊ RCSS အဖွဲ့က ဦးခွန်ဆိုင်း၊ PNLO အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့ပါဝင်ပါတယ်။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ကြိုးပမ်းဆောင်ရွက်သွားဖို့အတွက် အကြံပြုလိုတာတွေကို တိုင်းရင်းသားတွေဘက်က အစိုးရထံတင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့်ဖေဖော်ဝါရီလအတွင်း ကျင်းပဖို့ လျာထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်း သားတွေဘက်က တင်ပြလိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးလိုကြောင်း အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက် က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရပ်တစ်တပ်ဦး ABSDF က ဦးမင်းဌေးကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူထားတဲ့ကိစ္စနဲ့ ရခိုင်လွတ်မြောက်ရေးပါတီက အဖွဲ့ဝင်တချို့ကို လက်နက်သယ်ဆောင်မှုနဲ့ ဖမ်းဆီးထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။

အစိုးရအဖွဲ့ကို တင်ပြရာမှာ အဲဒီကိစ္စမပါဝင်ပေမယ့် တွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေဘက်က ဆွေးနွေးလာနိုင် တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။