လန်ဒန်က နှစ်ဆန်းတစ်ရက် ဆန္ဒပြပွဲ


2015.04.17

အမျိုးသားပညာရေးဥပဒေ ပြုပြင်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကျောင်း သားကျောင်းသူတွေနဲ့ သူတို့ကို ဝန်းရံတဲ့ လူထုကို အမြန်ဆုံး ပြန်လည်လွတ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မြန်မာ သံရုံးရှေ့မှာ မနေ့ နေ့လယ်က မြန်မာနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့မှစပြီး နိုင်ငံအတွင်းမှာ အဓမ္မဖမ်းဆီးခံထားရသူတွေ မရှိစေလိုတာရယ်၊ နှစ်သစ် မှာ နိုင်ငံ့ကောင်းကျိုးအတွက်အကောင်း ဆုံး ဖြစ်စေချင်တာကြောင့် ဒီကနေ့ ဆန္ဒပြပွဲကို လာရောက်ပါဝင်တာဖြစ်တယ် လို့ လန်ဒန်မှာ လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်က  RFA ကို ပြောပြပါတယ်။

ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသားတိုင်း တန်းတူညီမျှတဲ့ အဆင့်တန်းရှိတဲ့ ပညာသင် ကြားနိုင်ရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်နေကြတဲ့ ကျောင်းသားတွေကို ဆက်လက် ထောက်ခံအားပေးသွား မှာဖြစ်သလို နိုင်ငံပေါင်းစုံက မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး တစုတစည်းတည်း၊ တချိန်တည်း တပြိုင်နက်တည်း ဖမ်းဆီးခံကျောင်းသားတွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မနေ့က ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသား ၂၀ ကျော် ပါဝင်တာကို တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။