အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ မတ်လထဲ ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့် မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့မှာ သုံးရက်ကြာ ကျင်းပမယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

2013.02.11

ပထမဆုံးအကြိမ် ကျင်းပမယ့် ဒီညီလာခံမှာ နိုင်ငံတကာက နိုင်ငံရေးပါတီတွေနဲ့  မီဒီယာအဖွဲ့အစည်း အသီးသီးကိုလည်း ဖိတ်ခေါ်မယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသတွေက ညီလာခံတက်မယ့် ပါတီကိုယ်စားလှယ်ပေါင်း ၁၂၀၀ ကနေ ၁၅၀၀ ကြားမှာ ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

တတ်ရောက်မယ့် ပါတီကိုယ်စားလှယ်တွေဟာ မတ်လ ၇ ရက်မှာ အပြီးသတ် ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ကို သတင်းပို့ရမှာဖြစ်ပြီး ရပ်ကျေးနဲ့ မြို့နယ်အဆင့်၊ ပြည်နယ်နဲ့ တိုင်းအဆင့်က ညီလာခံကိုယ်စားလှယ်တွေဟာ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။