ရွှေတိဂုံဘုရားအနီးကနေ နှင်ထုတ်ခံခဲ့ရတဲ့ ငုံးဥသည်ကို NLD ပါတီ ဆေးစရိတ်လှူ

2017-10-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
အစ္စလာမ်ဘာသာဝင် ဦးအောင်သန်း ကို NLD ဗဟို အမျိုးသမီးကော်မတီအဖွဲ့က ဆေးကုသဖို့ ငွေကျပ် ၇ သိန်းခွဲကို အောက်တိုဘာလ ၁၂ ၇က်နေ့က လှူဒါန်းစဉ်
အစ္စလာမ်ဘာသာဝင် ဦးအောင်သန်း ကို NLD ဗဟို အမျိုးသမီးကော်မတီအဖွဲ့က ဆေးကုသဖို့ ငွေကျပ် ၇ သိန်းခွဲကို အောက်တိုဘာလ ၁၂ ၇က်နေ့က လှူဒါန်းစဉ်
Photo:National League for Democracy

ဘာသာခြားဖြစ်လို့ဆိုပြီး ရွှေတိဂုံဘုရားအနီးမှာ ငုံးဥပြုတ်ရောင်းချနေရာကနေ နှင်ထုတ်ခံခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင် ဦးအောင်သန်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အမျိုးသမီးကော်မတီအဖွဲ့က ဒီကနေ့ ဆေးကုသဖို့ ငွေကျပ် ၇ သိန်းခွဲ လှူဒါန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ လှူဒါန်းတာဖြစ်ပြီး ဘာသာရေးကိစ္စမဟုတ်ဘဲ လူမှုရေးအရ ကျန်းမာရေးမကောင်းလို့ လှူတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း က ပြောပါတယ်။

"ရိုးရိုးပဲ စေတနာနဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာသိလို့ ဆေးကုသဖို့ အထောက်အပံ့ပေးတဲ့ သဘောပဲ၊ ကျနော်လည်း ဒီနေ့ ပြောတယ် ဒါဘာသာရေးကိစ္စမဟုတ်ဘူး၊ ဒါလူမှုရေးသက်သက် စေတနာနဲ့ လုပ်တဲ့ဟာ မေးတာမီဒီယာတွေက စိတ်ဝင်စားမှုရှိနေတာသိတယ်၊ မေးလို့ရှိရင် ရှိတဲ့အတိုင်း အမှန်အတိုင်းပြော ကျနော် ဒါပဲပြောတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်၊ သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ငုံးဥပြုတ်ရောင်း ချခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ဦးအောင်သန်းကို ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဟန်းနှစ်ပါးနဲ့ လူနှစ်ယောက်က နှင်ထုတ်ခဲ့တာပါ။ အဲဒီသတင်းဟာလည်း ရက်ပိုင်းအတွင်း လူမှုကွန်ရက်သတင်းမီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဦးအောင်သန်းအတွက် ငွေကြေးသွားရောက် လှူဒါန်းသူတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဦးအောင်သန်းဟာ ရင်ကျပ်ရောဂါဒေဒနာကို ခံစားနေရသူဖြစ်ပြီး အစ်ကိုဖြစ်သူကလည်း ကျန်းမာရေး ချို့ယွင်းနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ အလှူ​ငွေ​ပေးအပ်​ရာမှာ​ NLD ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဥာဏ်​ဝင်း၊ ဦးဟံသာမြင့်​ ၊ NLD ဗဟိုအမျိုးသမီး​ကော်​မတီဥက္ကဌ ​ဒေါက်​တာ​ဒေါ်​မေဝင်းမြင့်​နဲ့ အဖွဲ့ဝင်​တွေက​ ပေးအပ်ခဲ့ တာဖြစ်ပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

သဘမ = သဘောမှန်

ဦးအောင်သန်း ကို နှင်ထုတ်ခဲ့တဲ့ လူ ၂ယောက်နဲ့ ရဟန်း ၂ ပါးကို ဖေါ်ထုတ်သင့်ပါတယ်။ သူတို့ကို လွှတ်ထားရင် နောက်တနေရာမှာ ထပ်လုပ်ဦးမှာပါ။ ဆူပူအောင် လှုံ့ ဆော်ပေးတယ်ဆိုပြီး ကြံ့ဖွံ့ နဲ့ မဘသ ကို လက်ညှိုးထိုး ဦးမယ်။

Oct 13, 2017 11:12 AM

ရန်ကုန်သား

ကျန်းမာရေးမကောင်းတဲ့သူတွေ ပြည်တွင်းမှာ အများကြီးပါ။
ဆေးကုသဖို့ ငွေလဲ မရှိကြဘူး။ ပါတီအမှတ်ရအောင် လုပ်ချင်ရင် ကူရင် အများကို ကူပါ။

Oct 13, 2017 09:37 AM

အမည်မဖော်လိုသူ

Bravo ! It is one the first steps to Myanmar's developments. Wished all government staff behave and follow such steps of mercy and considerations to public.

Oct 13, 2017 02:23 AM

ဆိုက်တခုလုံးသို့