ဝါရင့် နိုင်ငံရေးသမားကြီးများကို လူငယ်နိုင်ငံရေးသမားများ ကန်တော့


2016.04.17
nld-elders-honoured-620.JPG NLD နာယက သူရဦးတင်ဦးနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေ အဖွဲ့ဝင်တွေက ဧပြီလ ၁၇ ရက်နေ့က နှစ်သစ်ကူးနေ့မှာ ကန်တော့ကြစဉ်
Photo : Aung Thain Kha/ RFA

အန်အယ်လ်ဒီပါတီ နာယက သူရဦးတင်ဦးနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေ အဖွဲ့ဝင်တွေက ဒီနေ့ နှစ်သစ်ကူးနေ့မှာ ကန်တော့ကြပါတယ်။

နှစ်ကူး သက်ကြီးပူဇော်ပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ရှိ အန်အယ်လ်ဒီ ခေါင်းဆောင်တွေဟာ အခုအချိန်ထိ ဦးဆောင်မှုပေးနေတဲ့ ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။

"ဒီကန်တော့ပွဲက ကျနော်တို့ ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ တောက်လျှောက်မှာ ကျနော်တို့ ဒီမိုကရေစီ အင်အားစုနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေဘက်ကနေ တကယ့်ကို မားမားမတ်မတ်ရပ်တည်ခဲ့ကြတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးများဖြစ်ပါတယ်၊ ကျနော်တို့ အားကိုးအားထားပြုရာဖြစ်ပါတယ်၊ ဒီသူတွေနဲ့ တွေ့ဆုံခွင့်ရတယ်၊ ဂါရဝပြုခွင့်ရတဲ့အတွက် ကျနော်အလွန်အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်၊ အသက်ရာကျော်ရှည်စွာဖြင့် နိုင်ငံတော် တာဝန်တွေကို ဆက်ပြီးသူတို့ ထမ်းနိုင်လိမ့်မယ်လို့လည်း ကျနော် မျှော်လင့်ပါတယ်၊ အားလုံးက ကျန်းကျန်းမာမာနဲ့ အခုအချိန်အထိ ရှိနေလို့လည်း ဝမ်းသာပါတယ်"

သက်ကြီးပူဇော်ပွဲကို ပြည်သ့ူလွှတ်တော် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေက အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ကန်တော့ခံပုဂ္ဂိုလ် ၁၇ ဦးကို ဖိတ်ကြားခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်းစတဲ့ ခေါင်းဆောင်တွေက မအားလပ်တာကြောင့် နာယက သူရဦးတင်ဦး၊ ဦးအုန်းကြိုင်၊ သခင်ချန်ထွန်း စတဲ့ ပုဂ္ဂိုလ် ငါးဦးသာ တက်ရောက်နိုင်ခဲ့ကြပါတယ်။

သက်ကြီးပူဇော်ပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။