NNER ဒေါက်တာသိန်းလွင်ကို NLD က တာဝန်များရပ်ဆိုင်း


2015.02.09
dr-theinlwin-305.jpg NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင် ကို တွေ့ရစဉ်
Photo: Aung Ko Ko/RFA

အစိုးရနဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ဆွေးနွေးနေတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင်၊ အန်အယ်လ်ဒီရဲ့ အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်ကို တာဝန်ကနေ ရပ်ဆိုင်းကြောင်း အန်အယ်လ်ဒီပါတီက ဒီနေ့ ကြေညာ လိုက်ပါတယ်။

ဒေါက်တာသိန်းလွင်ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ် တာမဟုတ်ဘဲ တာဝန်ကို ရပ်ဆိုင်းလိုက်တာသာဖြစ် တယ်လို့ NLD ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

"ပါတီဝင်အဖြစ်က ထုတ်ပယ်တာ စာသားမှာမပါပါဘူး၊ ရာထူးတာဝန်တွေကိုပဲ ရပ်ဆိုင်းတယ်၊ ဆရာသိန်းလွင် ကို အရေးယူတာပေါ့၊ တာဝန်နှစ်ခုပေါ့ဗျာ၊ NLD မှာ တာဝန်တစ်ခုယူထားပြီးတော့ တခြားအဖွဲ့အစည်းမှာ သူခေါင်းဆောင်တာဝန်ပေ့ါ၊ အဲ့လိုဟာမျိုးသွားယူရင် အဲ့ဒါပါတီစည်းကမ်းနဲ့ ငြိတာပါ၊ အဲဒီ့သဘောပါ"

ဒေါက်တာသိန်းလွင်ဟာ ကျောင်းသားတွေ သပိတ်မှောက်တောင်းဆိုနေတဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် NNER ကို ကိုယ်စားပြုပြီး အစိုးရ၊ လွှတ်တော်၊ ကျောင်းသားတွေနဲ့ ဆွေးနွေးနေ သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ လေးပွင့်ဆိုင်ဆွေးနွေးခဲ့ပြီး တဲ့ နောက်နေ့မှာ ဒေါက်တာသိန်းလွင်ဟာ NLD ရဲ့ ကိုယ်စားလှယ်တစ်ဦးမဟုတ်ကြောင်း  သူ့ကို ပါတီစည်းမျဉ်းစည်းကမ်းတွေအရ အရေးယူသွားမယ်လို့ အန်အယ်လ်ဒီပါတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။