NLD ဗဟိုအဖွဲ့ကလေးမြို့မှာ တင်ပြဆွေးနွေးနေ

ချင်းပြည်နယ်ကို စည်းရုံးရေးခရီးထွက် နေတဲ့ NLD ဗဟိုအဖွဲ့ဟာ ဒီကနေ့ ကလေးမြို့မှာ ရောက်ရှိနေပြီး ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပါတီက ပြင်ဆင်ထားတာတွေကို တင်ပြဆွေးနွေးနေ တယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ဥပဒေအကြံပေး ဦးအောင်သိန်းက ပြောပါတယ်။

2010.10.23
chin_state_map_305_z ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
(RFA Map)

ဆွေးနွေးပွဲကို ဒီကနေ့ ညနေပိုင်း ၃ နာရီက ဒေါက်တာသိန်းဝင်းရဲ့ နေအိမ်မှာ ကျင်းပခဲ့တာပါ။ ဆွေးနွေးပွဲကို ကလေး၊ ကလေးဝ၊ မင်းခင်း၊ တမူး စတဲ့ ချင်းပြည်နယ် လေးမြို့နယ်က NLD ပါတီဝင်တွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ NLD ပါတီအနေနဲ့ နယ်လှည့်စည်းရုံးရေး ခရီးစဉ်တွေ ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး ဦးအောင်သိန်းက အခုလို ပြောပါတယ်။

“ပြည်နယ်နဲ့ တိုင်းတွေကို ကျနော်တို့ ဒီက လူကြီးတွေ လွှတ်ပြီးတော့ NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပါ၊ ထိတွေ့မှုတွေ လုပ်ပါ၊ စုစည်းမှုတွေ လုပ်ထားပါ ဆိုတာ အဟောသိကံ အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လူပင်ပမ်းခံ အန္တရာယ်ကြားထဲက နေပြီးတော့ အကြောင်းမဲ့ လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ရှိတဲ့ အဓိပ္ပါယ် အသွင်ဆောင်နိုင်တဲ့ အရေးကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါမှာ ကိုယ့် NLD အဖွဲ့ဝင်တွေနဲ့ စုစုစည်းစည်းနဲ့ လုပ်ဆောင်သွားကြဖို့အတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေဖို့၊ ခတ်ကွင်း ပြင်ဆင်ထားကြဖို့ ဆိုတဲ သဘောထားတွေကို ချပြပြီးတော့ ဆွေးနွေးပြောဆိုနေတာ ဖြစ်ပါတယ်”

ချင်းပြည်နယ် စည်းရုံးရေး ခရီးစဉ်ကို မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ဦးအောင်သိန်းတို့ ဦးဆောင်ပြီး လူငယ်အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။