မွန်ပြည်သစ်ပါတီအတွက် ပြည်နယ် JMC ပြင်ဆင်နေ

2018-01-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တွေ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တွေ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ်
Photo: Kyaw Lwin Oo/ RFA

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည်ရေးကော်မတီ JMC-S ရဲ့ ဖွဲ့စည်းပုံကို မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်တွေပါဝင်နိုင်ဖို့အတွက် ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောပါတယ်။

မွန်ပြည်သစ်ပါတီလည်း NCA လက်မှတ်ရေးထိုးဖို့ နီးနေတာကြောင့် လက်ရှိ JMC-S အဖွဲ့မှာ နေရာကြိုပြင်ထား သလို ရုံးခန်းကိုပါ ကျယ်တဲ့နေရာထပ်ငှားဖို့ လိုက်ရှာနေပြီး မွန်ပြည်သစ်ပါတီအတွက် ပြင်ဆင်ထားတယ်လို့ JMC-S အဖွဲ့ဝင်ဖြစ်တဲ့ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး ကပြောပါတယ်။

"အဲဒီအဖွဲ့ဝင်တွေ ထပ်တိုးလာလို့ရှိရင် လက်ရှိ ကျနော်တို့ JMC-S ဝင်တွေရဲ့ လက်ရှိရုံးခန်းက ကျဉ်းသွားလိမ့်မယ်၊ လက်ရှိ ၁၄ ယောက်တောင်မှ တော်တော်လေးကို ကျဉ်းနေတာ နောက်ထပ်အဖွဲ့ဝင် ထပ်တိုးလာလို့ရှိရင် ဒီရုံးခန်းက သိပ်အဆင်ပြေမှာ မဟုတ်တော့ဘူး၊ ဒါကြောင့် ရုံးခန်းအနေအထားနဲ့ ပြင်ဆင်သင့်ပါတယ်လို့ သူကဆန္ဒပြုလို့ အခု မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်ဖြစ်လာပြီဆိုလို့ရှိရင် ရုံးခန်းလည်း လိုက်လျောညီထွေဖြစ်တဲ့ ရုံးခန်းအခြေအနေဖြစ်လာအောင် အဲဒါကို JMC-S ရုံးကို မော်လမြိုင်မှာ ထပ်ပြီးတော့မှငှားဖို့ လိုက်ရှာနေတယ်"

ဒီနေ့မနက်ပိုင်းက မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးနဲ့ အလွတ်သဘောတွေ့ဆုံရာမှာ JMC-S အကြောင်း၊ ဖွဲ့စည်းပုံနဲ့ မွန်ပြည်သစ်ပါတီအတွက် ပြင်ဆင်ထားတာတွေကို ရှင်းပြထားတယ်လို့လည်း ပြောပါတယ်။

မွန်ပြည်သစ်အနေနဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ တဖြည်းဖြည်းနဲ့ နီးလာတာကြောင့် JMC-S ရဲ့ ဖွဲ့စည်းပုံတွေပြင်ဆင်ဖို့ ပြည်ထောင်စုအဆင့်ကော်မတီ JMC-U ကို တင်ပြထားတယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါတယ်။

လက်ရှိ မွန်ပြည်နယ် JMC-S မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေက ကိုယ်စားလှယ် ၅ ယောက်၊ အစိုးရဘက်က ကိုယ်စားလှယ်က ၅ ယောက်၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေဘက်က ဆန္ဒပြုတဲ့ အရပ်သားကိုယ်စားလှယ် ၂ ယောက်၊ အစိုးရဘက်က ဆန္ဒပြုတဲ့ အရပ်သားကိုယ်စားလှယ် ၂ ယောက် စုစုပေါင်းအဖွဲ့ ဝင် ၁၄ ယောက်ရှိပါတယ်။

မွန်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအဖြစ် မွန်ပြည်သစ်ပါတီနဲ့ KNU တပ်မဟာ ၁ နဲ့ ၆ ရှိနေပေမယ့် လက်ရှိအချိန်မှာ NCA လက်မှတ်ရေးထိုးထာတဲ့ KNU က ကိုယ်စားလှယ်တွေပဲ ပါရှိနေသေးတာဖြစ် ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့