ဒေါ်အောင်ဆန်းစုကြည် ကို အိုဘားမား ဖိတ်ကြား


2016.07.20
dassk-meet-benjamin-620.jpg အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Mr. Benjamin Rhodes နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၂၀ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံဆွေးနွေးနေစဉ်
Photo: Ministry of Foreign Affairs Myanmar

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသမ္မတ အိုဘားမားက သူ့ရဲ့ သမ္မတသက်တမ်း မကုန်ဆုံးမီကာလအတွင်း အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်ဖို့  ဖိတ်ကြား လိုက်ပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Mr. Benjamin Rhodes က သမ္မတ အိုဘားမားရဲ့ ဖိတ်စာကို ဒီကနေ့ လာရောက်ပေးအပ် ခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ပြောပါတယ်။

"သူက တကယ်အဓိက လာတာကတော့ သမ္မတကြီး အိုဘားမား က ကျမတို့ နိုင်ငံခြားရေးဝန်ကြီးကို သူတို့ဆီလာလည်ဖို့ ဖိတ်စာလာပေးတာပါ၊ သမ္မတအိုဘားမား သက်တမ်းရှိနေတဲ့အချိန်လေးမှာလည်း တစ်ချက်လောက်ထိတွေ့ထားဖို့ပေါ့၊ သူကဖိတ်စာပေးရင်း ရှေ့မှာဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာတွေ ဘာတွေကူညီရမလဲဆိုတာတွေ လာပြီးတော့မေးမြန်းပြောတာပါ"

အခုလိုခေါင်းဆောင်တွေ တွေ့ဆုံကြဖို့အတွက် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတွေ ညိုနှိုင်းဆောင်ရွက်ယ်လို့ လည်း ဒေါ်အေးအေးစိုး က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာတွေ၊ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး Mr. Benjamin Rhodes နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။

Mr. Benjamin Rhodes ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။