ပြည်ပချေးငွေယူဖု့ိကိစ္စ လွှတ်တော်မှာ ဆွေးနွေး


2016.09.16
utunmaung-620.jpg ပြည်ပချေးငွေယူဖု့ိကိစ္စ စက်တင်ဘာလ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင် ဆွေးနွေးစဉ်
.

ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန ၃ ခုအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ ၁၈၅ ဒဿမ ၅ သန်းနဲ့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ယူရို သန်း ၂၀ ချေးယူဖို့ သမ္မတရဲ့ သဝဏ်လွှာကို ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီလို ဆွေးနွေးရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ချေးငွေနဲ့ အကောင်အထည်ဖော် မယ့် စီမံကိန်းတွေဟာ ပြည်နယ်၊ တိုင်းနဲ့ မြို့နယ်တွေက လိုအပ်ချက်တွေဖြစ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ကိုယ်စားလှယ်တွေက ဆွေးနွေးရာမှာ ချေးငွေနဲ့ ပတ်သက်ပြီး အချက်အလက်စုံစုံလင်လင် မသိရတဲ့အကြောင်း၊ စီမံကိန်းတွေရဲ့ ရည်မှန်းချက်တွေစတဲ့ အသေးစိတ်အချက်အလက်တွေ မပါတဲ့အကြောင်း၊ ချေးငွေမှာ အနှောင်အဖွဲ့ကင်းဖို့လိုကြောင်း ထောက်ပြကြပေမယ့် အားလုံးက ထောက်ခံဆွေးနွေးကြပါတယ်။

အဲ့ဒီ ပြည်ပချေးငွေတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့အတွက် အသုံးပြုမှာဖြစ်ပါတယ်။

ကိုယ်စားလှယ်တွေရဲ့ ဒီကနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဝင်တွေက လာမယ့်စက်တင်ဘာလ ၂၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုလာရောက်ရှင်းလင်းဖို့ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။