ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဝ၊ မိုင်းလားအဖွဲ့ တွေ့ဆုံပွဲ ရွှေ့ဆိုင်း


2017.10.20
aungsoe-peace-commission-622 တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ UWSA ဝ ပြည်သွေးစည်းညွညွတ်ရေးအဖွဲ့ အမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်ပေါင်းစု  NDAA မိုင်းလား အဖွဲ့တို့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့အတွက် အရင်က ဒီလထဲမှာတွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

နှစ်ဖက်အဖွဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့အတွက် သဘောတူထားပြီးဖြစ်ကြောင်း တွေ့ဆုံနိုင်မယ့်ရက် ညှိနှိုင်းနေရတဲ့အတွက်ကြောင့်ရွှေ့ဆိုင်းတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ပြောပါတယ်။

"အရင်တပတ်ကတော့ ၁၅ ရက်နေ့မတိုင်ခင်တွေ့ဖို့ စီစဉ်ပါသေးတယ်၊ သူ့ဘက်ကိုယ့်ဘက် မအား တာတွေနဲ့ ကျနော်တို့က ရက်ရွှေ့ထားလိုက်တယ် ဘယ်နေ့ဖြစ်မလဲဆိုတာ ထပ်မံညှိနှိုင်းနေဆဲဖြစ် ပါတယ်၊ ဒီလတော့ ရက်ကနည်းနေပြီ ဒီလထဲတော့ မဖြစ်နိုင်တော့ပါဘူး၊ တွေ့ဖို့ကတော့ နှစ်ဖက်စလုံး သဘောတူထားပြီးပါပြီ’’

အရင်က ဒီလ ၁၅ ရက်နေ့မတိုင်ခင်က တွေ့ဆုံဖို့ညှိနှိုင်းခဲ့ပြီးဖြစ်ပေမယ့် နှစ်ဖက်ကိုယ်စားလှယ်တွေ မအား တာတွေကြောင့် ဒီလထဲတော့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်ဟာ လာမယ့် အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေပါတယ်။

UWSA နဲ့ NDAA တို့ဟာ မြောက်ပိုင်းတိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အစိုး ရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးဘဲ အခြားနည်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုနေ တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။