၁ နှစ်ခွဲစာ ငြိမ်းချမ်းရေးရန်ပုံငွေတွေ ချပေး


2017.02.23
jcb-620.jpg ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိ NRPC ရုံးမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကကျင်းပစဉ်
Photo: RFA

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သုံးစွဲဖို့ တစ်နှစ်ခွဲစာ အမေရိကန်ဒေါ်လာ ၂.၅သန်း (၂သန်းခွဲ) သုံးစွဲဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင် ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဒီကနေ့ အတည်ပြုပေးလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် NRPC ရုံးမှာကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးမှာ အတည်ပြုလိုက်တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

''ကျနော်တို့ရဲ့ လက်မှတ်ထိုး ၈ ဖွဲ့က တင်ပြတယ် ဘယ်လောက်လိုလဲပေါ့၊  NRPC ကလည်း တာဝန်ရှိတဲ့သူက သူတို့ဘယ်လောက်လိုလဲဆိုတာ တင်ပြတယ်၊  အဲဒီတင်ပြတဲ့အပေါ်မှာပဲ အတည်ပြု ပေးလိုက်တာပေါ့၊ အဲဒီလို အတည်ပြုလိုက်တာက  အလှူရှင်တွေဖက်က ခွင့်ပြုပြီးသားဖြစ်နေတဲ့အခါကျတော့ ကျနော်တို့  ဆက်လက်လုပ် သွားနိုင်တာပေါ့၊ ငွေကရှိပြီးသားပေါ့၊ တင်ပြတဲ့ဟာက  နိုင်ငံတော်ကရော အလှူရှင်တွေကရော စိုက်ထုတ်ပေး ကြတာပေါ့''

ဒါ့အပြင် အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အတွက်ကိုလည်း ဒေါ်လာ (၄) သန်း၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့တွေ အတွက် ဒေါ်လာ (၆) သန်း သုံးစွဲဖို့ဆိုပြီး ဘက်ဂျက်တွေ အသီးသီး ချထားပေးလိုက်ပါတယ်။

ဒီကနေ့အစည်းအဝေးကို အစိုးရဖက်ကငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ UNFC က ကိုယ်စားလှယ် ၃ ဦး၊ ဝ နဲ့ မိုင်းလားအဖွ့ဲတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်ဘက်က ကိုယ်စားလှယ် ၈ ဦး၊ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဘက်က ၄ ဦး၊ NCA စာချုပ် လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က ၂ ဦးနဲ့ ၀ နဲ့ မိုင်းလားအဖွဲ့က ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။