ဖိလစ်ပိုင် သမ္မတ ဒူတာတေး နေပြည်တော်သွားပြီ

2017-03-19
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုရိုဝါဒူတာတေး ကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် က နေပြည်တော်လေဆိပ်မှာ မတ်လ ၁၉ ရက်နေ့က ကြိုဆိုစဉ်
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုရိုဝါဒူတာတေး ကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် က နေပြည်တော်လေဆိပ်မှာ မတ်လ ၁၉ ရက်နေ့က ကြိုဆိုစဉ်
Photo: MOI Webportal Myanmar

ဖိလစ်ပိုင်ကလာတဲ့ မတ်လ ၁၉ ရက်နေ့ သတင်းမှာ မြန်မာနိုင်ငံကို သမ္မတ ဒူတာတေး ဒီကနေ့ သွားရောက်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတိုးတက်ရေး ဆွေးနွေးမယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီ ၂ ရက်ကြာ ခရီးစဉ်အတွင်း အစားအစာဖူလုံရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ မြန်မာနဲ့ ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုဆိုင်ရာစာချွန်လွှာကို လက်မှတ်ထိုးမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါလိမ့်မယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့