တပ်မတော်က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို တိုင်ထားတဲ့ကိစ္စ အစိုးရအကြောင်းပြန်

2017-07-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို အရေးယူပေးဖို့အတွက် တပ်မတော်က တိုင်ကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကို မနေ့က အကြောင်းပြန်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ပရိုတိုကောအရဆိုရင် ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲရှိတယ်လို့ ပြော ကြားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဦးဖြိုးမင်းသိန်းကို လိုအပ်သလို စိစစ်အရေးယူပေးဖို့ တပ်မတော်က တိုင်ကြားထားတာ ဖြစ်ပါတယ်။

တပ်မတော်ဘက်က ဦးဖြိုးမင်းသိန်းဟာ အစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းသားပြည်သူလူထုနဲ့ တပ်မတော်ကြား ရေ ရှည်ဆက်ဆံရေးကို အခက်အခဲဖြစ်လာစေနိုင်သူတစ်ဦး ဖြစ်စေတယ်လို့လည်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Let's build the Nation together

Who made the Standard or Ideals ?

Answer is simple " we human being " and so does the Democracy Standards / Ideals.

To be honest, nation which fully follow the so called democracy ideals or standards can be hardly found in the world.

Why !

Because it is in conflict with customs, tradition , social and religious practices and etc of some countries.

My understanding on it is nothing but the Rule of Law.

We human being should / must act and demand and say things within the framework of existing rule of law of the country.

Let's say Through "Parliment".

When it comes to Myanmar, role of Myanmar Tatmadaw is of great importance in Myanmar.

Why !
1. Due to lack of political maturity of the people
2. Due to weakness in Rule of Law
3. Due to lessons of history
4. Due to necessity of the current situation.
5.
6.
7.

When the above mentioned points are fulfilled , Myanmar Tatmadaw will be automatically behind the curtain.

But its importance will be forever.

Therefore I remember the words of my uni teacher that Exception is Everywhere.


My positive point of view :

Now is the time to build the nation together.

Jul 14, 2017 09:43 PM

ဆိုက်တခုလုံးသို့