ပုပ်ရဟန်းမင်းကြီး လူထုနဲ့ ကျိုက္ကဆံကွင်းမှာ တွေ့ဆုံမည်


2017.09.04
charlesbo-622.jpg ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကို တွေ့ရစဉ်
Photo: RFA

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Francis ဟာ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို သမိုင်းဝင်ခရီးစဉ် အဖြစ် ရောက်ရှိလာမှာဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ လူထုပရိသတ်နဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့  မြန်မာနိုင်ငံခရီးစဉ်ဟာ သမိုင်းဝင်ခရီးစဉ်ဖြစ်တဲ့အကြောင်းနဲ့ သမိုင်းမှာ တစ်ခါမှ မကြုံဘူး မဖြစ်ဘူးတဲ့ခရီးစဉ်ဖြစ်တဲ့အကြောင်း ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး Cardinal Charles Bo ကာဒီနယ် ချားလ်စ်ဘိုက ပြောပါတယ်။

“သမိုင်းမှာ တစ်ခါမှမကြုံဘူး မဖြစ်ဘူးတဲ့အရောပေ့ါနော်။ ကက်သလစ်တင်မကပဲ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ဝမ်းသာရမယ့်အချက်ဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီးက ၂၇ ၇က်နေ့ ဒီကျောင်းမှာပဲ ကျိန်းစက်အနားယူပြီးတော့ ၂၈ ရက်နေ့မှာ နေပြည်တော်သွားပါမယ်။ သွားပြီးတော့ သမ္မတနဲ့ တွေ့မယ်။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့မယ်။ ပြီးတော့လည်း လွှတ်တော်အမတ်တွေနဲ့ တွေ့မယ်”

ကျိုက္ကဆံကွင်းမှာ တက်ရောက်မယ့် ပရိသတ်အင်အား ၃သိန်းလောက် ခန့်မှန်းထားတယ်လို့ သိရပါတယ်။ အဲဒီလို တက်ရောက်ခွင့်ရဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေက ကက်သလစ်ဘာသာဝင်တွေလည်း လာရောက်မယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၈ နေ့မှာ နေပြည်တော်ကို ကြွရောက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃၀ မှာ လူငယ်တွေနဲ့အတူ ရန်ကုန်မြို့ စိန့်မေရီဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။