သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်နိုင် ဖို့ ရက်သတ်မှတ်


2016.02.08
mahn-winkaingthan-president-620.jpg ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ်
Photo: RFA

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် လာမယ့် မတ်လ ၁၇ ရက်နေ့မှာ အစုအဖွဲ့အစည်းအဝေးတွေ စတင်ဖို့ ပြည်ထောင်စုလွှတ်တော်က ကြေညာလိုက်ပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာလိုက်တာ ဖြစ်ပါ တယ်။

"သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက်၊ ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ် တင်မြှောက်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်းများ အဆိုပြုရမည့် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ ကြာသပတေးနေ့တွင် စတင်ကျင်းပပြုလုပ် ကြရန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၄ အရ သတ်မှတ်ကြေညာအပ်ပါတယ်"

မတ်လ ၁၇ ရက်နေ့မှာ အစုအဖွဲ့အလိုက်အစည်းအဝေးတွေ စတင်ကျင်းပမှာ ဖြစ်ပြီး  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုတိယသမ္မတလောင်းတစ်ဦးစီကို ပြည်ထောင်စု လွှတ်တော်မှာ အဆိုပြုရမှာ ဖြစ်ပါတယ်။

 

အဲဒီအဆိုပြုထားတဲ့ ၃ ဦးထဲက ၁ ဦးကို လျှို့ဝှက်မဲစနစ်နဲ့ တင်မြှောက်ရမှာ ဖြစ်ပြီး ကျန် ၂ ဦးက ဒုသမ္မတတွေ ဖြစ် လာမှာပါ။

သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်ပြီး  NLD ပါတီ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင် က နေပြည်တော် လွှတ်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။