ပြည်မြို့မှာ လက်ပန်းတောင်းတောင်အရေး ဆန္ဒပြတောင်းဆို

လက်ပန်းတောင်းတောင်အရေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေအတွက် ရည်ရွယ်ပြီး၊ ပြည်မြို့မှာ လူ့အခွင့်အရေးအဖွဲ့ဝင် ၁ဝ ဦးလောက်ဟာ ဒီကနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

2012.12.14

ပြည်မြို့က လူ့အခွင့်အရေးအဖွဲ့ဝင်တွေဟာ လက်ပံတောင်းတောင်စီမံကိန်း အမြန်ဆုံးရပ်ဆိုင်းပေးဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို ဥပဒေမဲ့ပြုမူဆောင်ရွက်တာကို ဖော်ထုတ်အရေးယူပေးဖို့ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြလမ်းလျှောက်ခဲ့ကြတယ်လို့ ဒေသခံ ကိုကျော်ကျော်က RFA ကို ပြောပါတယ်။

အခုလိုလမ်းလျှောက်ဆန္ဒပြတဲ့နေရာမှာ ဆရာတော်သံဃာတော်တွေပါဝင်မယ်လို့ သတင်းကြားထားပေမယ့် ဆန္ဒပြတဲ့အခါမှာ လူ့အခွင့်အရေးအဖွဲ့ဝင်တွေသာ ဦးဆောင်လမ်းလျှောက်ခဲ့ကြတာဖြစ်ပြီး  ပြည်မြို့နယ် ဆံတော်ရပ်ကွက်မှာရှိတဲ့ ရွှေဆံတော်ဘုရားကြီးအနားကနေ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနား အရောက်မှာ လမ်းလျှောက်ဆန္ဒပြတာကို ရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးရုံးနားအရောက်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက တားဆီးခဲ့ပေမယ့် လမ်းလျှောက်ဆန္ဒပြသူတွေအနေနဲ့လည်း ဆန္ဒပြတာကို ရပ်တန့်ခဲ့တဲ့အတွက် ပြဿနာမပေါ်ပေါက်ခဲ့ဘူးလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။