အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်

မြန်မာနိုင်ငံ ရှေ့ဆက်သွားနိုင်ဖို့ အတိတ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် ၀န်ခံသင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က တိုက်တွန်းခဲ့ပါတယ်။
2012-02-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
quintana-rangoon-b305
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
RFA

(၆) ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ အပြောင်းအလဲတချို့ တွေ့ရပါတယ်၊ ဒါပေမဲ့ ရှေ့ကို တက်လှမ်းတာဟာ နောက်မှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာတွေကို ဖျောက်ဖျက်ပစ်တာ မဟုတ်ဘူးဆိုတာကို မိမိအနေနဲ့ အလေးအနက် ပြောရမှာပါ၊ လက်ရှိသမိုင်းကို ရဲရဲရင်ဆိုင်ပြီး၊ ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ကျူးလွန်မှုတွေကို အသိအမှတ် ပြုရပါလိမ့်မယ်၊ ဒါမှသာ အမျိုးသား ရင်ကြားစေ့ရေး အတွက် စိတ်ချရပြီး၊ နောင်မှာ အလားတူ ကျူးလွန်မှုတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်လို့ မစ္စတာ ကင်တားနား က ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိ တိုးတက် ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကနေ နောက်ပြန်ဆုတ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေကြောင်း ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

U Thant Zin

နေရပ်- Yangon

Mr. Tomas Ojea Quintana,
You have no right to order Myanmar what to do. We will do as we like. You look like a wolf with a calf met at a stream. You and UNHCR are saying "Either you or your father". You are violating the right of Myanmar. Myanmar is independent and sovereign country. Do you want to bully on Myanmar, less developed country? You should know Myanmar is not a calf: Burma is a Tiger in Asia. We will crush all enemies.

Aug 06, 2012 02:29 AM

အမည်မဖော်လိုသူ

လူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး
ဒါပေမယ့်ဝန်ခံဖို့ဆိုက ၁၀၀တစ်ယောက်မဖြစ်နိုင်ပါဘူး
သူတစ်ကိုအပြစ်ဝန်ခံခိုင်းခြင်ရင်မိမိကိုယ်တိုင်ရောလုပ်နိုင်လားဆိုအရင်ကြည့်လိုက်ပါ...လောကမှာနိုင်ငံရေးသမားဆိုတာ မပေါင်းသင်းအပ်တဲ့လူထဲံမှာပါတယ်
လူတွေဟာလိုခြင်မှုရှိကျတယ်...အဲဒီလိုချင်မှုဟာများလာရင် အန္တရာယ်ဖြစ်သွားတာပဲ...
အမှားပါရင်ခွင့်လွတ်ပေးပါ...ပုတ်ခတ်ချင်လို့မဟုတ်ပါဘူး

Feb 09, 2012 12:52 AM

အမည်မဖော်လိုသူ

လူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး
ဒါပေမယ့်ဝန်ခံဖို့ဆိုက ၁၀၀တစ်ယောက်မဖြစ်နိုင်ပါဘူး
သူတစ်ကိုအပြစ်ဝန်ခံခိုင်းခြင်ရင်မိမိကိုယ်တိုင်ရောလုပ်နိုင်လားဆိုအရင်ကြည့်လိုက်ပါ...လောကမှာနိုင်ငံရေးသမားဆိုတာ မပေါင်းသင်းအပ်တဲ့လူထဲံမှာပါတယ်
လူတွေဟာလိုခြင်မှုရှိကျတယ်...အဲဒီလိုချင်မှုဟာများလာရင် အန္တရာယ်ဖြစ်သွားတာပဲ...
အမှားပါရင်ခွင့်လွတ်ပေးပါ...ပုတ်ခတ်ချင်လို့မဟုတ်ပါဘူး

Feb 09, 2012 12:50 AM

အမည်မဖော်လိုသူ

အနာကိုသိမှ ဆေးကောင်းရှာလို့ရမှာပါ။ ၀န်ခံပါ။ရှက်စရာမလိုပါဘူး။လူတိုင်းမှားတတ်ပါ။ ၀န်ခံရဲတဲ့သူဟာ သတ်တိရှိတဲ့သူပါ။ လေးစာစရာကောင်းတဲ့သူပါ။ ကျနော်ကိုယ်တိုင် အမုားများဝန်ခံခဲ့လို ပြသနာကို မြန်၂ရှင်းနိင်ခဲ့ပါတယ်။ မြန်မာတွေက ပိုသည်းခံတတ်ပါတယ်။ အပြောတော့ခံရတာပေါ့ဗျာ

Feb 08, 2012 09:01 PM

အမည်မဖော်လိုသူ

Hey, STUPID GUY
WHAT ARE YOU DOING?
ARE YOU MAKING PROBLEM IN MYANMAR OR TRYING TO GET DEMOCRACY ?
I THINK, YOU ARE MAKING PROBLEM. DON'T COME AGAIN TO MYANMAR BECAUSE YOU ARE NOT GOOD GUY AND YOUR ARE NOT SUITABLR FOR YOUR POST.

Feb 06, 2012 06:34 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.