ရိုဟင်ဂျာ အသုံးအနှုန်းအတွက် ကုလသမဂ္ဂ အကြီးအကဲကို ရခိုင်လွှတ်တော် ရှှုတ်ချ


2014.11.17
rakhine-parliament-305 နိုဝင်ဘာလ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးပြုလုပ်စဉ်
Photo: Min Thein Aung/RFA

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရခိုင်ပြည်နယ်က မွတ်စလင် တွေကို ရိုဟင်ဂျာ လို့ ခေါ်ဝေါ်တဲ့အပေါ် ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့အရေးကြီးအဆို တင်သွင်း ကန့်ကွက်ခဲ့ပါတယ်။

အဲ့ဒီအဆိုကို စစ်တွေမြို့နယ် မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံတွင် လုံးဝမရှိပါဘူး၊ တည်ဆဲဥပဒေ များအရလည်းကောင်း၊ သမိုင်းကြောင်းများအရ လည်းကောင်း၊ သမ္မတကိုယ်တိုင်က နိုင်ငံတကာ သို့ ကြော်ငြာထားသော ရိုဟင်ဂျာဆိုသည့် အသုံး အနှှုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆက်လက်သုံးစွဲသွားမည် ဟု မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ပြောဆိုခြင်းဟာ ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးပါရန် တိုက်တွန်းကြောင်း အရေးတကြီးအဆိုအား တင်သွင်းရခြင်းဖြစ်ပါတယ်"

ရိုဟင်ဂျာလူမျိုးလို့ ခေါ်ဝေါ်သုံးစွဲတာကြောင့် ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကလို ပဋိပက္ခတွေ ဖြစ်လာခဲ့ရင် မစ္စတာ ဘန်ကီမွန်းဟာ အဓိကတာဝန်ရှိသူဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က တင်ပြခဲ့ပါတယ်။

အဲ့ဒီအဆိုကို ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိက စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။