ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်း ပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေမှာ သေဆုံးသူ ၈ဝ ခန့်ရှိခဲ့ တယ်လို့ အစိုးရထုတ်ပြန် တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ဒီကနေ့ ပြောလိုက်ပါတယ်။
2012-06-29
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

သေဆုံးသူတွေအပြင် ဒဏ်ရာရသူ အများအပြားနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၂,၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ Martin Nesirky က ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို ကုလသမဂ္ဂအနေနဲ့ အကူအညီ ပေးနေကြောင်းလည်း သူက ပြောပါတယ်။

အဲဒီ အကူအညီတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က လူဦးရေ ကိုးသောင်းကျော်အတွက် စားနပ်ရိက္ခာ တန်ချိန် (၇၂၅) တန် ကူညီခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် WHO အဖွဲ့က ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကူးစက်ရောဂါ ပျံ့ပွားမှု မရှိအောင် ဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ဘယ်ဟုတ်မလဲဗျာ ကုလားဒုခသေ တွေကိုပေးနေတာပါ။အကုန်လုံး ဘာမှလိုလေသည်းမ၇ှိအောင် UN ကပေးနေတာလေ။၇ခိုင်ဒုခသေတွေကျတော့  နေစ၇ာမ၇ှိလို့  ဘုန်းကြီးကျောင်းတွေမှာ ၊စာသင်ကျောင်းတွေမှာ မိုးမလုံ လေမလုံနေ၇ာတာဗျ။

Jun 30, 2012 10:41 AM

အမည်မဖော်လိုသူ

လူမျိုးရေးအစွန်ရောက်သူတွေများမယ် ဘာသာရေးအစွရောက်သူတွေ များမယ်ဆိုရင် လွယ်လွယ်နဲ့ပြီးမယ်လို့ မထင်ဘူး

Jun 29, 2012 11:35 PM