မသီတာထွေး သတ်ဖြတ်မှု ကျူးလွန်သူများ အများရှေ့မှောက် စစ်ဆေးမည်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမှော် ဒေသက မသီတာထွေး အမည်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့် သတ်ဖြတ်မှုနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူထောင်မှာ ထိန်းသိမ်းထားသူ သုံးဦးထဲက ထက်ထက် (ခေါ်) ရော်ရှီး ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
2012-06-09
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ကျောက်ဖြူ အကျဉ်းထောင်ကို အာအက်ဖ်အေက ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီက ဦးဘရှင်ကို ဆက်သွယ်မေးမြန်းရာမှာ -

“ဒီအချိန်အထိတော့ ဒီသတင်းတွေမရပါဘူး။ ထောင်အာဏာပိုင်တွေကလည်း လုံခြုံရေးကို ဂရုစိုက်ပြီး ထိန်းသိမ်းထားကြတာပဲ။ ကျွန်တော်သိရသလောက်။ ကျွန်တော်တို့တွေလည်း အဲတာတွေ တာဝန်ရှိတဲ့ ထောင်ပိုင်ကြီးတွေနဲ့ တွေ့တဲ့အခါ သူတို့တွေလုံလုံခြုံခြုံ ရှိဖို့ဟာရယ်၊ ကျွန်တော်တို့ စကားပြောဖြစ်ကြပါတယ်။ တနင်္လာနေ့ နှစ်ဘက်ရှေ့နေစုံရင်တော့ သက်သေတွေမှာထားတယ်နဲ့ တူပါတယ်။ ဒါပေမဲ့ သူတို့တရားစီရင်ရေး လမ်းကြောင်းအရဆိုလို့ရှိရင်တော့ တရားလိုဘက်က အမှုလိုက်ပါမဲ့ ခရိုင်ဥပဒေအရာရှိကတော့ အဆင်သင့်ရှိနေပြီ။ တရားခံတွေဘက်က လိုက်ပါမဲ့ ရှေ့နေ ရှေ့ရပ်တွေ အဆင်သင့်ရှိမှ စစ်လို့ရမှာကိုး။ ကျွန်တော်သိရသလောက် သူတို့တွေက ကိုယ်ပိုင်ရှေ့နေမငှါးနိုင်တဲ့ အတွက်ကြောင့် နိုင်ငံတော်ဘက်က သူတို့အတွက် ရှေ့နေတစ်ယောက် စီစဉ်ပေးမယ်”

သူတို့အမှုကို တနင်္လာနေ့မှာ ကျောက်ဖြူခရိုင်တရားရုံးက အများပြည်သူရှေ့မှောက် ဆက်လက် စစ်ဆေးမယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့မှာတော့ အခြေအနေတွေ တည်ငြိမ်နေတယ်လို့ ဦးဘရှင်က ပြောပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

who kill the 10 musilm.who explain for this case.all people are lying but god is know who do this work.oneday they are see god is show.

Jun 13, 2012 06:17 AM

အမည်မဖော်လိုသူ

လူမျိုးရေးနဲ့ဘာသာရေးပူးတွဲထားတော့ကိစတွေကရှုပ်ထွေးရင်းရှုပ်ထွေးပေါ့။ အခုထိ ရခိုင်ရိုဟင်ဂျာအရေးက မပြီးနိုင်သေးပါလား။

Jul 19, 2012 12:04 PM

zawmoehlaing

နေရပ်- nattalin/ bago division/ myanamr

ရခိုင်မှာဖြစ်နေတာက။ဘင်ဂလိအကြမ်းဖတ်သမားတွေကသတ်လိုရခိုင်တိုင်းရင်းသားတွေသေရတာကြတော. R F Aသ တင်းငှာနကသေသေချာချာမရေးမတင်ပါလား။ခင်ဗျားတို.သတင်းငှာနကိုဘယ်လုပယုံရတောမှာလည်း။

မောင်ဇော်မိုးလှိုင်
နတ်တလင်းမြို.
ပဲးခူးတိုင်းဒေသကြီး
၀၉၅ ၃၆၈ ၄၂၆

Jun 10, 2012 11:15 PM

အမည်မဖော်လိုသူ

"သေဆုံးသွားတဲ့လူတွေကို လူသားချင်း စာနာတဲ့အနေနဲ့ ကရုဏာသက်တယ်ပေါ့ဗျာ။ ဖြစ်မှဖြစ်ရလေ၊ ဒီလိုမျိုးမလုပ်သင့်ဘူး။ ဒါဟာဒီလိုပဲရှိကြတာပဲ။ ဥပဒေစိုးမိုးမှုလိုအပ်တယ်။ ဥပဒေစိုးမိုးမှု မရှိလို့ အဲတာအဓိကပါပဲ။ ဒီဥပဒေကို ကိုယ်တွယ်တဲ့ သူတွေက တိတိကျကျ တာဝန်သိသိနဲ့ ဆောင်ရွက်လို့ရှိရင် ဒီလိုဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်မလာပါဘူး"

Jun 10, 2012 05:43 AM

အမည်မဖော်လိုသူ

ကျွန်တော်ကတော့် ဒါကို သဘောတူတယ် ဒါ့အပြင် မြန်မာမွတ်ဆလင် ၁၀ယောက်ကို သတ်တဲ့အယောက် ၃၀၀ကျော်ကိုကျတော့ကော...................ခင်ဗျာတို့ အဖြေကို စောင့်နေတယ်

Jun 10, 2012 05:32 AM

သားကြီး

ဒီလောက် အရေးကြီးတဲ့ တရားခံကို ဂရုစိုက်ရမှာပေါ့။
လုပ်ကွက်တွေက ကလေးဆန်လွန်းတယ်။

Jun 10, 2012 05:20 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.