ရန်ကုန် ကုက္ကိုင်းဗလီ ဖျက်ဆီးခံရ

ရန်ကုန်တိုင်း ဗဟန်း မြို့ နယ် ကုက္ကိုင်းလမ်းဆုံ နှင့် တက္ကသိုလ်ရိပ်သာ လမ်းမီးပွိုင့် အနီးက ကုက္ကိုင်း အစ္စလာမ် ၀တ်ကျောင်းဗလီကို ဒီကနေ့  မနက် ၂ နာရီ ၃၀ ခန့်က လူ ၃၀ လောက်က ဗလီကို အုတ်ခဲနဲ့ ပစ်ပေါက်ခဲ့ပြီး ၀တ်ကျောင်းရှေ့က ရှေးဟောင်းပစ္စည်းဆိုင် တစ်ဆိုင်ကို ဖျက်ဆီးသွားတယ်လို့  သိရပါတယ်။
2012-06-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး  ရှေးဟောင်းပစ္စည်း အရောင်းဆိုင် ပိုင်ရှင် ဦးကြည်ဝင်းက ပြောပြပါတယ်။
ဖျက်ဆီးခံရတဲ့ ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင် ဒေါ်အေးအေးဝင်းက ပျက်စီး ပျောက်ဆုံးမှု တန်ဖိုး သိန်း ၅၀ လောက် ရှိတယ်လို့  ဆိုပါတယ်။

သမ္မတရုံး အရာရှိတဦးရဲ့ လူမှုရေးစာမျက်နှာမှာ ဖော်ပြချက်အရ ဒီကနေ့ မနက် ၂ နာရီ ၃၀ ခန့်က အမျိုးအမည် မသိ လူ ၈ ဦးရောက်လာပြီး အုတ်ခဲကျိုးတွေနဲ့ ပစ်ပေါက်ခဲ့ကြောင်း၊ ဒီလို ပစ်ပေါက်ခဲ့တဲ့ အတွက် ဆိုင်းဘုတ်နဲ့ မှန်တချို့ ပျက်စီးခဲ့ကြောင်း၊ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် တစ်ဆိုင်လည်း ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ပြည်သူများအကြား မလိုလားအပ်တဲ့ ဆူပူမှုတွေ ဖြစ်လာစေနိုင်တဲ့ အတွက် သက်ဆိုင်ရာက သတိထား ထိန်းသိမ်းဖို့ နှိုးဆော်ထားတယ်လို့လည်း အဲဒီအရာရှိရဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ခေါင်းစဉ်နဲ့ တခြားပါလားဗျာ။ ဒါနဲ့များ Media လုပ်နေသေးတယ်။ ခင်ဗျားတို့ကတမှောင့်။

Mar 28, 2013 03:48 AM

အမည်မဖော်လိုသူ

အဓိက ကတော့ တရားဟောတဲ့ဘုန်းကြီးသူဝိရ ကိုဖမ်းရမှာပါ

Mar 27, 2013 09:54 AM

အမည်မဖော်လိုသူ

ဗလီဖျက်ဆီးခံရကြောင်းမှာ မမှန်သတင်းဖြစ်သောကြောင့် စိတ်မကောင်းဖြစ်မိပါသည်။

Oct 11, 2012 04:22 AM

အမည်မဖော်လိုသူ

ဘယ်သူမှဒီလိုမိုက်မဲတဲ.အလုပ်မလုပ်ပါ။လုပ်လေ.ရှိတာကတော.ကြံ.ဖွတ်(၀ါ)စွမ်းအားရှင်ပါ။

Jun 18, 2012 05:34 AM

mnk

Attention:Escape from jail who the bendit,all kind of thief,(kho,soe,hnite)will make the "Taw mee laung Taw cat lat kha maune khat".So people will live take carefully.

Jun 18, 2012 02:18 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.